Saturday, May 4, 2013

သမ္ပဒါတရားလေးပါး

"သမ္ပဒါတရားလေးပါး" ••••••••••••••••••••••••••••• ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ် အခါတစ်ပါး၌ ကောဠိယ၏သားဒီဃဇာဏုမည်သော အမျိုးသားတစ်ယော က်သည် ကောဠိယနိဂုံးဝယ် သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအားဤသို့ လျှောက်ထားသည်။“အရှင်ဘုရား-လောကီစည်းစိမ် ခံစားလျက် လူဝတ်ကြောင်ဖြစ်ကြသော တပည့်တော်တို့သည်သားမယားများဖြင့်နေကြရပါကုန်၏။ စန္ဒကူးနံ့သာတို့ကိုလည်းသုံးစွဲကြပါကုန်၏။ရွှေငွေများကိုလည်း နှစ်သက်ကြပါကုန်၏။လောကီလူ့ဘောင်တွင် နေကြရကုန်သော တပည့်တော်တို့အားဤဘ၀၌ စီးပွားချမ်းသာ ပြည့်စုံကြွယ်ဝနိုင်၊ နောက်ဘ၀၌လည်းစီးပွားချမ်းသြာ ဖစ်နိုင်သော တရားတော်ကို ဟောတော်မူပါ”ဟု တောင်းပန်လျှာက်ထား ၏။


ထိုအခါ မြတ်စွာဘုရားက “သမ္ပဒါ”တရားတော်ကို ဟောတော်မူ၏။ လူတိုင်းလူတိုင်းပြည့်စုံကြွယ်ဝအောင် လိုက်နာဆောင်ရွက်ရမည့် အရည်အချင်းကောင်းများကို “သမ္ပဒါ”ဟု ခေါ်သည်။


ထိုသမ္ပဒါတရားတော်သည် လေးမျိုးရှိသည်။ ယင်းလေးမျိုးမှာ -၁။ဥဋ္ဌာနသမ္ပဒါ =ထကြွ လုံ့လ ၀ီရိယရှိခြင်း၊ ၂။အာရက္ခသမ္ပဒါ = လုံခြုံစွာ သိမ်းဆည်းစောင့် ရှောက်တတ်ခြင်း၊ ၃။ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိခြင်း၊ ၄။သမဇီဝတသမ္ပဒါ= အကုန်နှင့်အရ မျှတသော အသက်မွေးမှု ရှိခြင်းတို့ဖြစ်သည်။


"ဥဋ္ဌာနသမ္ပဒါ" ----------------ထကြွလုံ့လ ၀ီရိယရှိခြင်းဆိုရာ၌ ဤလောကတွင် လူတစ်ဦးသည် အသက်မွေးဝမ်းကျောင်း တစ်မျိုးမျိုးဖြင့် အသက်မွေးရသည်။အသက်မွေးဝမ်းကျောင်းအလုပ်မရှိဘဲ လူပေါ်ကြော့ လူတေလေ လုပ်နေ၍မရပေ။ မည်သည့်အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ထိုအလုပ်၌ ကျွမ်းကျင်မှုရှိရမည်။ မပျင်းမရိ လုံ့လရှိရမည်။ စူးစမ်းနှိုင်းချိန်တတ်သော ဉာဏ်စွမ်းလည်းရှိရမည်။စီမံခန့်ခွဲတတ်ရမည်၊ဤသို့ ဆိုင်ရာအလုပ်၌ကျွမ်းကျင်မှု အခြေခံပညာ၊မပျင်းမရိ ဇွဲရှိမှု ၀ီရိယ၊စူးစမ်း နှိုင်းချိန်တတ်သောဉာဏ်၊ဤသုံးတန်နှင့် ပြည့်စုံခြင်းကိုဥဋ္ဌာနသမ္ပဒါဟုခေါ်သည်။


[လင်္ကာ။။အလုပ်ဆိုင်ရာ၊ ကျွမ်းကျင်စွာဘိ၊ပညာရှိ၍၊၀ီရိယဇွဲ၊ သတ္တိခဲနှင့်၊ကိုယ်လဲလုပ်တတ်၊စီမံတတ်မှ၊ ဥဋ္ဌာန၊ မည်ရ သမ္ပဒါ။]


"အာရက္ခသမ္ပဒါ" -----------------လုံခြုံစွာ သိမ်းဆည်း စောင့်ရှောက်တတ်ခြင်းဆိုရာ၌ ဥဋ္ဌာနသမ္ပဒါနှင့် ပြည့်စုံ၍ ထကြွလုံ့လ ၀ီရိယကြောင့် တရားသဖြင့် ရရှိလာသော စီးပွားဥစ္စာတို့ကို မင်း၊ မီး၊ရေ၊ အမွေခံ သားသမီးဆိုး၊သူခိုးဓားပြတို့ မဖျက်ဆီးနိုင်အောင် လုံခြုံစွာ သိမ်းဆည်းစောင့်ရှောက်တတ်မှုကို အာရက္ခသမ္ပဒါဟု ခေါ်သည်။


[လင်္ကာ။။ရေမီးသူခိုး၊မွေခံဆိုးနှင့်၊မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ မပျက်ပြားလတ်၊စောင့်ရှောက်တတ်မှ၊ အာရက္ခ၊ မည်ရ သမ္ပဒါ။]


"ကလျာဏမိတ္တသမ္ပဒါ" -----------------------------မိတ်ဆွေကောင်းနှင့် ပေါင်းသင်း ဆက်ဆံခြင်းဆိုရာ၌မိမိနေရာ မြို့ရွာ နိဂုံး၌ သဒ္ဓါ သီလ စသော မိတ်ဆွေကောင်းအရ ည်အချင်းနှင့်ပြည့်စုံသူများ၊ကြီးပွားရေး စီးပွားရေးစသည်တို့၌ အောင်မြင်နေကြကုန်သောသူများနှင့်ပေါင်းသင်းဆက်ဆံရမည်။ မိတ်ဆွေကောင်း၏အရည်အချင်းကောင်းပုံကိုအတုလိုက်၍ မိမိလည်းသဒ္ဓါတရားကောင်းသူ၊ သီလရှိသူ၊ကြီးပွားအောင် လုပ်နိုင်သူဖြစ်လာမည်။အသိ အလိမ္မာ တိုးပွားလာတတ်သည်။ ထိုသို့ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းခြင်း၊ ကောင်းသောအတုကို ယူခြင်းကို ကလျာဏမိတ္တသမ္ပဒါဟု ခေါ်သည်။


[လင်္ကာ။။သဒ္ဓါ သီလ၊စာဂ ပညာ၊ လေးဖြာစုံတောင်း၊ မိတ်ဆွေကောင်းနှင့်၊ ပေါင်း၍အတု၊ကိုယ်လည်းပြုမှ၊ကလျာဏ၊ မိတ္တ ပြည့်စုံသည်။]


"သမဇီဝိတသမ္ပဒါ" ----------------------အကုန်နှင့်အရ မျှတသောအသက်မွေးမှုရှိခြင်းဆိုရာ၌မိမိရှာဖွေ ရရှိသောပစ္စည်း,ဥစ္စာတို့၏အရ အကုန်၊ ၀င်ငွေ, ထွက်ငွေကို စနစ်တကျစာရင်းဇယားထားပြီး အကုန်နှင့်အရ မျှတအောင် အသက်မွေးမှုကို သမဇီဝိတသမ္ပဒါဟုခေါ်သည်။မိမိရှာဖွေရရှိေ သာ ပစ္စည်းကို လေးပုံ ပုံ၍ တစ်ပုံကို စား၊ တစ်ပုံကို စု၊နှစ်ပုံကို အရင်းအနှီးပြု၍ အသက်မွေးမှု ပြုနိုင်မှသာ အရဘက်က သာပေမည်။


[လင်္ကာ။။စားဝတ်နေပုံ၊ နေ့စဉ်ခြုံလျက်၊အကုန်အရ၊ နှိုင်းချိန်ဆသော်၊အရဘက်က၊ သာစေမှ၊ သမဇီဝိတခေါ်။]


[ဗုဒ္ဓဘာသာတရားတော်အခြေခံအဆင့်မှ-]


Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm


Friday, May 3, 2013

ရွှေစည်းခုံစေတီအတွင်းအံ့ကိုးပါး

ရွှေစည်းခုံစေတီအတွင်းအံ့ကိုးပါး


1. ထီးတော်အလွန်ကြီးသော်လည်းသံကြိုးမဆိုင်းရခြင်း၊ 2. စေတီ ၏အရိပ်သည်တံတိုင်းအပြင်သို့မရောက်ခြင်း။ 3. စေတီ၏ထိပ်မှရွှေစက္ကူပစ်ချလျှင်အပြင်သို့မရောက်ခြင်း။ 4. စေတီ၏မဟာရံတံတိုင်းအတွင်းလူမည်မျှများများပြည့် ကျပ်မနေခြင်း။ 5.တန်ဆောင်မုန်းလပြည့်ပွဲတော်တွင်ပထမသပိတ်တော်၌ မည်သူမျှဆွမ်းဦးမတင် နိုင်ခြင်း။ 6. အဝေးကကြည့်လျှင်ကုန်း၊အတွင်းမှကြည့်လျှင်ကျင်းသ ဖွယ်ထင်ရခြင်း။ 7. စေတီ၏တစ်ဖက်မှတီးသောစည်သံကိုအခြားတစ်ဖက်မှမကြားရခြင်း။ 8. မိုးသည်းထန်စွာရွာသော်လည်းစေတီရင်ပြင်၌ရေမတင်ခြင်း။ 9. စေတီတော်အရှေ့ တောင်ထောင့်ရှိခရေပင်သည်၁၂ရာသီ ပွင့်ခြင်း။


"စစ်မှန်တဲ့ အပြစ်ဒဏ်" ••••••••••••••••••

"စစ်မှန်တဲ့ အပြစ်ဒဏ်"

••••••••••••••••••••

စစ်မှန်တဲ့ချမ်းမြေ့မှုဆိုတာဖြူစင်တဲ့ ကိုယ်ကျင့်သိက္ခာနဲ့ သန့်စင် မြင့်မြတ်တဲ့ စိတ်နှလုံးပေါ်မှာအခြေခံပြီး တည် ဆောက်မှသာ ရနိုင်တာမျိုးပါ။


အဲဒီအချက်ကို မငဲ့ကွက်ဘဲ ဘ၀တက်လမ်း ရှာမိရင် လိုချင်တာတစ်မျိုး ရလာတာတစ်ဖုံ ဖြစ်တတ်ပါတယ်။ "မရမနေ၊ မနေမနား" ကြိုးစားပမ်းစားလျှောက်လှမ်းလို့ ရောက်လာ၊ ရလာတဲ့ ပန်းတိုင်တစ်ခုဟာကိုယ့်လက်ထဲ ရောက်မှ "ရွှေရည်စိမ်" အတုကြီးဖြစ်နေရင် အင်မတန် ကြေကွဲစရာ ကောင်းပါတယ်။


ဘ၀မှာ ချမ်းသာသုခရှာဖွေကြသူတွေဟာ "ဆိုးတာပြုက၊ဆိုးတာရ၊ ကောင်းမှ ကောင်းစားမည်"ဆိုတဲ့ ကမ္မနိယာမ၊ဓမ္မဥပဒေသ၊လောကရဲ့ ဆောင်ပုဒ်ကလေးကိုတော့ မျက်နှာလွှဲလို့မရပါဘူး။


မကောင်းမှုနဲ့ ရင်းနှီးပြီးမှ ရလာတဲ့ချမ်းသာတု ချမ်းသာယောင်တွေဟာ"သရဲတိုက်တွေ၊ ရေခဲစံအိမ်"တွေပါ။ အခြေခံက စပြီးမှားတာမို့ “မတရားမှုနဲ့ ချမ်းသာသုခ”ဆိုတာ ကောင်းကင်ပြာနဲ့ကမ္ဘာမြေ၊သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းပမာ လွန်စွာဝေးကွာတဲ့အရာတွေပါ။


တကယ်တော့ မကောင်းမှု ပြုကြသူတွေဟာ ချမ်းသာသုခ ရလိုမှုသာမက ဆိတ်ကွယ်ရာလည်း တွေ့၊ ပြေးစရာလည်း ရှိတယ်လို့ထင်တာနဲ့ မတရားအမှုကို ရဲရဲပြုကြတာပါ။ ဒါပေမယ့် မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေဟာ ဆိတ်ကွယ်ရာလည်းမရှိ ၊ ရှောင်ပုန်းလို့လည်းမရပါဘူး။


မကောင်းမှု အကုသိုလ်ဆိုတဲ့ ဒင်္ဂါးပြားကြီးမှာ“အပြစ်ရှိခြင်း” လို့ဆိုတဲ့ “ခေါင်း”နဲ့ “မကောင်းကျိုးပေးခြင်း”လို့ဆိုတဲ့“ပန်း” နှစ်ဖက် ပူးတွဲလျက်ပါတာပါ။


အပြစ်ရှိခြင်းဟာ မကောင်းမှု အကုသိုလ်ရဲ့ အသွင်သဏ္ဍာန်ဖြစ်ပြီး မကောင်းကျိုးပေးခြင်းကတော့ မကောင်းမှုအကုသိုလ်ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။


လူများစုဟာ အပြစ်ရှိခြင်းဆိုတဲ့ မကောင်းမှုရဲ့ အသွင်သန္တာန်ကို ပုံစံမျိုးစုံ၊နည်းလမ်းအဖုံဖုံနဲ့ ဟန်ဆောင်ဖုံးကွယ်နိုင်ကြပေမယ့် မကောင်းကျိုးပေးခြင်းဆိုတဲ့ မကောင်းမှု အကုသိုလ်ရဲ့ အနှစ်သာရကိုတော့ ရှောင်လွဲမရ လက်ခံ ကြရပါတယ်။ မတရားမှု အကုသိုလ်ပြုထားသူဟာ-(၁) အတ္တာနုဝါဒဘေး= ကိုယ့်စိတ်က ကိုယ့်ကို စွပ်စွဲကဲ့ရဲ့အြ ပစ်တင်ခံရခြင်း။ (၂) ပရာနုဝါဒဘေး=အများက ကိုယ့်ကို စွပ်စွဲကဲ့ရဲ့ အပြစ်တင်ခံရခြင်း။ (၃)ဒဏ္ဍဘေး=တရားဥပဒေအရ အရေးယူ အပြစ်တင်ပေးခံရြ ခင်း။ (၄) ဒုဂတိပေး အခြေအနေနိမ့်ကျ အပါယ်လေးပါးရောက်ရခြင်း။ အားဖြင့်မကောင်းတဲ့အကျိုးပေး(၄)မျိုးကို မလွဲမသွေ ခံစားကြရပါတယ်။


အဲဒီဘေး(၄)မျိုးကို (အများထင်သလို)နောင်ဘ၀ကျမှ မဟုတ်ဘဲ အကုသိုလ်အမှုပြုမိတဲ့ အချိန်ကစပြီး ကိုယ့်တရားကိုယ်စီရင်၊ကိုယ့်ဘာသာကို အပြစ်ပေး အများမသိပေမယ့်တိတ်တိတ်ကလေး ကျိတ်ဆွေး ခံစားကြရတာပါ။


►လူတိုင်းရဲ့ စိတ်ထဲမှာ အမှန်တရားကို မြတ်နိုးပြီး ဘက်မလိုက်တတ်တဲ့ တရားသူကြီးတစ်ဦးစီ ရှိပါတယ်။


သူစီရင် ဆုံးဖြတ်ပေးတဲ့ ပြစ်မှုတွေဟာ လောကမှာ အမှန်ကန်အတည့်မတ်ဆုံး တရားစီရင်ထုံးတွေပဲဖြစ်ပါ တယ်။ အဲဒီအကြောင်းနဲ့စပ်တဲ့ ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။


►ဒီပုံပြင်ဟာ ကာလီဒါသလျှောက်ထုံးထဲမှာပါဝင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကိုအခြေခံထားတာပါ။


"စစ်မှန်တဲ့ အပြစ်ဒဏ်" ----------------------------ရှေးရှေးတုန်းက ဓာရာတိုင်းမှာ ဘောဇဘုရင်ကြီး အုပ်စိုးနေသတဲ့။အဲဒီဘုရင်ကြီးဟာ ဥာဏ်ပညာ ထက်မြက်ပြီး စာပေ၊ဂီတ၊အနုပညာ တွေကိုလည်း အင်မတန်ဝါသနာပါတယ်။


ဘုရင်ကြီးဟာ နိုင်ငံတော်အုပ်ချုပ်ရေးကိုပဲ အဓိကထား စီမံအုပ်ချုပ်တယ်၊ရာဇ၀တ်မှုတွေ၊တရားမမှုတွေကိုတော့ တရားသူကြီးတွေ ခန့်ထားပြီးစီရင်ဆုံးဖြတ်စေသတဲ့။


တစ်ခါတစ်ခါ ဆန်းကြယ်တဲ့ အမှုအခင်းတချို့ ပေါ်လာရင် ပညာရှိအမတ်ကြီး ကာလီဒါသကို လွှဲအပ်ပြီးစီရင်ဆုံးဖြတ် စေပါတယ်။ဒါပေမယ့်မလွှဲသာမရှောင်သာ ဘုရင်ကြီးသာ ဘုရင်ကြီးထံ ရောက်လာတဲ့ အမှုအခင်းတွေကိုတော့ ကိုယ်တော်တိုင်ပဲစီရင်ဆုံးဖြတ်ပေးလေ့ရှိပါတယ်။


အခါတစ်ပါးမှာ ဘောဇဘုရင်မင်းမြတ်ဟာ ပညာရှိအမတ်ကာလီဒါသ မပါဘဲ မင်းချင်းယောင်္ကျားတချို့နဲ့ တောလက်ကျေးရွာတွေ ဘက်ကို တိုင်းခန်းလှည့်လည်တော်မူပါတယ်။


ဘုရင်မင်းမြတ် ရွာတစ်ရွာသို့ ရောက်တော်နေစဉ်မှာ တိုက်တိုက်ဆိုင်ဆိုင် အဲဒီရွာမှာ ခိုးမှုတစ်ခု ဖြစ်ပွားသတဲ့။ အဲဒီအခါ ရွာမှာရှိတဲ့ ရွာသူကြီးဟာ ဒီအမှုကို ခုံရုံးအဖွဲ့မတင်တော့ဘဲ ခိုးသား(၄) ယောက်နဲ့အတူ အမှုတော်ကို ဘုရင်မင်းမြတ်ထံ တိုက်ရိုက်တင်ပို့လိုက်ပါတယ်။


ဘုရင်မင်းမြတ်ကလည်းရှေ့တော်မှောက်ရောက်လာတဲ့ ခိုးသား(၄)ယောက်တို့ကို ဘာမျှ စစ်ဆေးမေးမြန်းမနေတော့ဘဲ ► “မောင်မင်းတို့၊ငါကိုယ်တော်မြတ်ရဲ့ခေတ်ဟာ သစ္စာတရားကို လက်ကိုင်ထားတဲ့ သစ္စာခေတ်ဖြစ်တယ်။ရှင်ဘုရင်လုပ်တဲ သူဟာ တိုင်းသူပြည်သားတို့ အပေါ်မှာ ရင်ဝယ်သားကဲ့သို သဘောထားရတယ်။နှိပ်ကွက်ထိုက်တဲ့သူကို နှိပ်ကွပ်ရမယ်၊ ချီးမြှောက်ထိုက်တဲ့ သူကို ချီးမြှောက်ထောက်ပံ့ရမယ်။ ငါကိုယ်တော်မြတ် ဟာ ကျောသား၊ ရင်သားမခွဲခြား အဂတိတရားမလိုက်စားဘဲ အမှန်အတိုင်း ကျင့်ကြံ အားထုတ်နေလေ့ရှိတယ်”။


► “အခု မောင်မင်းတို့(၄)ဦးစလုံးဟာ မိမိတို့မှာ အပြစ် အသီးသီးရှိ မရှိ၊ မောင်မင်းတို့သာသိတယ်။ တစ်ယောက်အပြစ်နဲ့တစ်ယောက် အပြစ် တူညီမှာလည်း မဟုတ်ကြပေဘူး။အကြီးအငယ်အရွယ် အစားစား အမျိုးမျိုးရှိမှာပဲ၊ ဒါကြောင့်ငါကိုယ်တော်မြတ် ဒီအမှုကို မစီရင်လိုမောင်မင်းတို့ဘာသာ စီရင် ဆုံးဖြတ်ပြီးအပြစ်ဒဏ်ကို မှန်စွာခံယူကြကုန်”လို့ အမိန့်တော်မြတ် ချမှတ်ပြီး လွှတ်ပေးတော် မူလိုက်သတဲ့။


“အို…အချင်းတို့၊သင်တို့ရဲ့ စိတ်နှလုံးမှာ ဘယ်လိုများ ခံစားကြရကုန်သနည်း၊ယုံမှားသံသယ ရှိတာကို ရဲဝံ့စွာ လျှောက်တင်ကြလော့”လို့ မိန့်တော်မူပါတယ်။


ဒီအခါမင်းယောင်္ကျားတစ်ဦးက-“ရေမြေသခင်အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ရဲ့တရားစီရင်ပုံ မျိုးကို ကျွန်တော်မျိုးတို့ တစ်ကြိမ်မျှ မတွေ့ မမြင်ဖူးကြပါ။အပြစ်ကျူးလွန်သူမှန်သမျှဟာ ကိုယ့်အပြစ် ကို အမြဲဖုံးဖိ ထားတတ်ကြပါတယ်။တရားသူကြီးများက စစ်ဆေးမေးမြန်းသော်မှ လိမ်လည် လျှောက်တင်တတ်ကြ ပါတယ်။မိမိကိုယ်ကို မိမိအပြစ်ပေးတယ်ဆိုတာကြားတောင် မကြားဖူးပါဘုရား”လို့ လျှောက်တင်တယ်။


►အဲဒီအခါ ဘုရင်မင်းမြတ်က “အချင်းတို့… ၊အမှုမှန်ကို သိလိုကြရင် ယခုလွှတ်လိုက်သူ(၄)ဦးနောက်က တိတ်တဆိတ် ချောင်းမြောင်းပြီး လိုက်လံကြည့်ရှုကြလော့၊ ငါကိုယ်တော်မြတ်ရဲ့ သစ္စာ တရားအာဏာစက်ကို သိမြင်ပေလိမ့်မယ်”လို့ မိန့်တော်မူတယ်။


♦ ဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရ၊မင်းချင်းယောင်္ကျား တချို့ဟာ ခိုးသား(၄)ယောက်နောက်က တိတ်တဆိတ်လိုက်လ ချောင်းမြောင်းကြတယ်။


♦ ခိုးသား(၄)ဦးထဲက ခေါင်းဆောင်လုပ်သူဟာ ရွာအပြင်ဘက် ရောက်တဲ့အခါအဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင် လိုက်တာကို တွေ့ရ သတဲ့။ ♦ ဒုတိယခေါင်းဆောင်ကတော့ ဒီရွာကို လုံးဝမလာတော့ဘူး ဆိုပြီးတခြားတစ်ရွာကို ထွက်ခွာ သွားသတဲ့။ ♦ တတိယ လူကတော့ ဒီနေ့ကစပြီးအသက်ထက်ဆုံး အိမ်အပြင်ဘက် မထွက်တော့ဘူးဆိုပြီး မိမိတို့တွေ့ကြုံရတာတွေ ကို အစုံအလင် ဘုရင်မင်းမြတ်ထံ လျှောက်တင်ကြတယ်။ အဲဒီတော့မှ ဘုရင် မင်းမြတ်က-


♦“အချင်းတို့၊ပြစ်မှုကျူးလွန်တဲ့သူဟာ သူတို့ရဲ့အပြစ်က သူတို့အသိဆုံးဖြစ်တယ်၊ကိုယ်ကျူးလွန်တဲ့ အပြစ်ကို သူတစ်ပါးက အပြစ်ပေးခြင်းဟာ အပြစ်နဲ့ ထိုက်တန်တဲ့ဒဏ်ကို ခံစားချင်မှ ခံစားရလိမ့်မယ်။မိမိအပြစ်ကို မိမိဘာသာ ပြစ်ဒဏ်ပေးခြင်းသည်သာ စစ်မှန်တဲ့ အပြစ်ဒဏ် ပေးခြင်း မည်တယ်”လို့ မိန့်တော်မူလိုက်ပါတယ်။


အဲဒီအခါကျမှ ဘုရင်မင်းမြတ်ရဲ့ဆန်းကြယ်တဲ့ တရားစီရင်ထုံးကု နားလည်သဘောပေါက် သွားကြတဲ့ မင်းချင်းယောင်္ကျားနဲ့ ရွာသူရွာသား တွေဟာ ဘုရင်မင်းမြတ်ရဲ့ထက်မြက်တဲ့ ဥာဏ်ပညာ ကို ၀ိုင်းဝန်းချီးကျူးတော်မူကြသတဲ့။


ဒီပုံပြင်ကလေးဟာ ရိုးရိုးလေးနဲ့ ဆန်းကြယ်သလို လေးနက်စူးရှတဲ့ အတွေးစတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။


“အတ္တဟိ အတ္တနော နာထော၊ မိမိကိုယ်သာကိုးကွယ်ရာ”ဆိုတဲ့ တရားတော်နဲ့အညီ ကိုယ့်အားကိုယ်ကိုးပြီးကိုယ့်အထုပ် ကိုယ်ထမ်းကာ ကိုယ့်လမ်းကို ကိုယ်သွားနေရတဲ့ ဖြတ်ထုံးဟာ သဘာဝနိယာမတွေနဲ့ ညီညွတ်မျှတပြီးအမှန်ကန်ဆုံးနဲ့ လက်သင့်ခံနိုင်စရာ အကောင်းဆုံး ကောက်ချက်တစ်ခုပါ။


♦ ဒီပုံပြင်ကလေးကြောင့် “ကံတရားဆိုတာ ကိုယ်စိုက်ပျိုး တာကို ကိုယ်ပြန်ရိတ်သိမ်းရတာပဲ”ဆိုတဲ့ဒေသနာတော်ရဲ့ အနက်အဓိပါယ်ကို အလေးဂရုပြုမိနိုင်သလို တခုတ်တရ တွေးဆမိနိုင်ပါတယ်။


♦ ဒီ"အတ္တနုဝါဒဘေး"လို့ခေါ်တဲ့ မိမိကိုယ်ကိုမိမိစွပ်စွဲကဲ့ရဲ့ အပြစ်တင်မှု၊ လိပ်ပြာမသန့်မှုဟာထမင်းလုံး တစ္ဆေခြောက်သလို နောက်ဆုံးအိပ်မက်ထဲ အထိတောင် လိုက်ပြီးဒုက္ခပေး ခြောက်လှန့်တတ်ပါတယ်။လူတွေဟာ သူတစ်ပါးတွေကို လိမ်ညာလို့ရပြီးကိုယ့်ကိုယ်ကိုတော့ ဘယ်လိုနည်းနဲ့မျှ လိမ်ညာလို့မရဖြစ်တတ်ပါတယ်။


ဘယ်သူမျှ မသိအောင် တိတ်တိတ်ပုန်းပြုလုပ်ထားတဲ့ လျှို့ဝှက် ချက်တွေကိုတောင် ကိုယ်ကသိနေပြီးသားကို။တကယ်တော့ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါပဲ။ မသိချင်ယောင်ဆောင်နေကြလို့ပါ။


♦လောကမှာ အဝေးက လူတွေထက် အနီးကလူတွေရဲ့ အကြည်ညိုခံနိုင်ဖို့က ပိုခက်ပါတယ်၊


♦ အနီးကလူတွေရဲ့ အကြည်ညိုခံနိုင်ဖို့ထက်လည်းမိမိကိုယ်မိမိ အကြည်ညိုခံနိုင်ဖို့က ပိုလို့ခက်ပါတယ်။


ဒါကြောင့် ဒီအပမာဒ ပုံပြင်ကလေးရဲ့ “ကိုယ့်ကိုယ်ကိုသာ၊ ကိုယ်ဆရာ၊ ကိုယ်သာအသိဆုံး”ဆိုတဲ့ အနှစ်သာရကို လက်ခံကာ ကိုယ့်ဟာကိုရဲရဲရင့်ရင့် ပြုပြင်ထိန်းကျောင်းနိုင်ဖို့ဆိုတာ အလွန်ပဲ အရေး ကြီးလှပါတယ်။


(စာရေးသူ - တော်ဝင်နွယ်)


----------------------*----------------------- သဗ္ဗဒါနံ ဓမ္မဒါနံဇိနာတိ -"ဣဒံ မေ ပုညံအာသဝက္ခယာဝဟံ ဟောတု" "Donated By Honey Lay" _/|\_ ခပ်သိမ်းသော ရဟန်း၊ရှင်၊လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံးဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်းလှည့်ပတ်ခြင်း၊ကင်းရှင်းကြပါစေ၊… _/


Thursday, May 2, 2013

BMI ဒီလိုလေး တွက်ချက်ကြမယ်

BMI ဒီလိုလေး တွက်ချက်ကြမယ် Friday, May 03, 2013


ဆေးပညာမှာ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အရွယ်အစား၊ အလေးချိန်ဟာ ပုံမှန်ရှိ၊မရှိ သိဖို့အတွက်BMI(Body Mass Index) ခေါ်တဲ့ စံသတ်မှတ်ချက်နှု န်းထားတွေနဲ့ တွက်ချက်ကြတယ်။ Body-ခန္ဓာကိုယ်၊Mass-အလေးချိန်၊Index-စံသတ်မှတ် ချက်BMIဆိုတာ ခန္ဓာကိုယ် အလေးချိန်ကို စံသတ်မှတ်ပြီး တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ အရပ်၅ပေရှိတဲ့လူတစ်ယောက်ရဲ့ခါးဆိုက်ဟာ ၃၂ ဆိုကြပါစို့။ဘေးကကြည့်ရင် အရပ်ပုပု၊ဗိုက်စူစူနဲ့ သူ့ကို ဝတဲ့အမျိုးအစားထဲထည့်ရမှာပေါ့။ဒါပေမယ့် ခါးဆိုက် ၃၂ ရှိတဲ့ နောက်တစ်ယောက်ရဲ့အရပ်အမောင်းက၆ပေရှိရင်တော့ သူ့ကို ဝတယ်မဆိုနိုင်တော့ဘူးလေ။ဒါဟာဘာလဲဆိုရင် အချိုးချကြည့်လိုက်တာပဲ။ဒီလိုပဲBMI ဆိုတာ အရပ်အမောင်းနဲ့အလေးချိန်ကို စံသတ်မှတ်ထားတဲ့ unit တစ်ခုနဲ့အချိုးချ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။


စံသတ်မှတ်ချက်အရ အလေးချိန်- ကီလိုဂရမ်(kg)နဲ့တွက်တယ်။ အရပ်အမောင်း- မီတာ(m)နဲ့ တွက်ရတယ်။(cmကို 100နဲ့ စားရင် metre ရတယ်)


BMI ရဲ့တွက်ချက်ရန် ပုံသေနည်း


BMI=weight(kg)/height(m2)


if you weigh 70 kg and are 1.55 metres tall, your BMI is 70/(1.55 x 1.55), which is 29. ဥပမာ အလေးချိန် ၇၀ ကီလိုဂရမ်ရှိတဲ့ လူတယောက်ရဲ့ အရပ်အမောင်းဟာ ၁.၅၅ မီတာ ရှိတယ်ဆိုရင် သူ့ရဲ့ BMIတွက်ကြည့်တဲ့အခါ ၂၉ရရှိပါတယ်။ if you weigh 85 kg and are 1.7 metres tall, your BMI is 85/(1.70 x 1.70), which is 29. ဥပမာ အလေးချိန် ၈၅ ကီလိုဂရမ်ရှိတဲ့ လူတယောက်ရဲ့ အရပ်အမောင်းဟာ ၁.၇မီတာ ရှိတယ်ဆိုရင် သူ့ရဲ့ BMIတွက်ကြည့်တဲ့အခါ ၂၉ရရှိပါတယ်။


BMI Classed As Health Risk


Less than 18.5 Underweight Some health risk 18.5 to 24.9 Ideal Normal 25 to 29.9 Overweight Moderate health risk 30 to 39.9 Obese High health risk 40 and over Very obese Very high health risk


BMI18.5အောက်ရှိရင် ပုံမှန်ထက် အလေးချိန်နည်းတယ်။ BMI25ကျော်ရင် အလေးချိန်များတယ်လို့ သတ်မှတ်ထားတယ်။ BMI30ကျော်မှ ဝတယ်လို့ စတင်သတ်မှတ်တယ်။ ရောဂါထူပြောနိုင်တယ်။ BMI40ကျော်ရင် အလွန်အမင်းဝတဲ့ဖ က်ရောက်သွားပြီ။ ဝိတ်လျှော့ဖို့ကြိုးစားရတော့မယ်။ရောဂါထူပြောပြီးအသက်တို တတ်တယ်။ BMI တွက်ကြည့်လို့ 18.5နဲ့25အတွင်းဆိုရင် အကောင်းဆုံးအခြေအနေပါပဲ။ဆက်လက်ထိန်းသိမ်းနိုင်ဖို့သာ ကြိုးစားပါလေ။


ဒေါက်တာ အေးမင်းထူး


အထူးပြောစရာမလိုသည့် သနပ်ခါး

အထူးပြောစရာမလိုသည့် သနပ်ခါး


သနပ်ခါးသည်ပူ၏၊ သွေးကို ကြွစေတတ်၏။ ပူခါးချုပ်ပွင့် ဖြစ်၏။ ငန်းမန်း ကို နိုင်စေ၏ ။ အပူနာ ၊ အအေးနာ နှစ်မျိုးလုံး၌ သုံးနိုင်၏။ ၀က်ရူးပြန် ရောဂါ ဆေးတွင်သုံး၏။ အနာကြီးရောဂါသည် များအတွက် အရွက်ကို ပြုတ်၍ ရေချိုး ပြီးချွေးအောင်းရ၏။ အရွက်ပြုတ်ရည် ကို ဆားများများခတ်၍သောက်ပါက ငှက်ဖျားရောဂါပျောက်၏။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေ နှင့် သောက်ရ၏ ။ . အရွက်ကို အခြောက်လှန်းအမှုန့်ပြုပြီးကွမ်းသီးလုံးခန့်ရေနှင့် သောက်ပါကအဖောအရောင် ၊အနာအဆာ နှင့်ကိုယ်တွင်း ရောဂါဟူ သမျှကင်းရှင်းပပျောက်စေ ၏။ . အဆိပ်ပြေဆေး ၊ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန် သောအဖျားရောဂါများအတွက် ဖော်စပ် သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။ . ၀မ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံး၏။ . အမြစ်ကို နနွင်းနှင့်သွေး၍လိမ်းပေးပါက မီးယပ်ရောဂါ သည်များအညာ ပျောက်၏။ . ကလေးချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက် က ချွဲ အမြန် ကျ၏။


Wednesday, May 1, 2013

နိုင်ငံ တော်သမ္မတ၏နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူများအတွက်ပေးအပ်သည့် အခြားအခွင့်အရေးများ

နိုင်ငံ တော်သမ္မတ၏နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူများအတွက်ပေးအပ်သည့် အခြားအခွင့်အရေးများ ============================== ==========


နိုင်ငံတော်သမ္မတ၏နိုင်ငံစွမ်းဆောင်ရည်ဆုရရှိသူများနှင့် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ များအားဆုတံဆိပ်/လက်မှတ်များအပြင် အခြားအခွင့်အရေး များအနေဖြင့် သံတမန်နိုင်ငံကူး လက်မှတ် Diplomatic Passportနှင့်ပို့ကုန်သွင်းကု န်အခွင့်အရေးGreen Channel များ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။


(၁) သံတမန်နိုင်ငံကူးလက်မှတ် Diplomatic Passport ------------------------------------------------------------သံတမန်နိုင်ငံကူးလက်မှတ် Diplomatic Passport ဟူသည်မှာ နိုင်ငံတော်သမ္မတ၏ခွင့်ပြု ချက်ဖြင့်သာ ကိုင်ဆောင်ခွင့်ရရှိသည်။ နိုင်ငံတော်သမ္မတကြီးက ဆုရရှိသူများကိုအထူး ကိစ္စတစ်ရပ်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။ပြည်ပနိုင်ငံများသို့ သွားရောက်သည့်အခါ သာမန်နိုင်ငံကူးလက်မှတ်ထက်သွားရလာရ အဆင်ပြေနိုင်မည် ဖြစ်သည်။ ဆုရရှိသူများ အနေဖြင့်နိုင်ငံတကာသို့ သွားလာရေး၊ဆက်ဆံရေး အဆင်ပြေစေရန် ချီးမြှင့်ခြင်းဖြစ်သည်။


(၂) ပို့ကုန်သွင်းကုန်အခွင့်အရေးGreen Channel -------------------------------------------------------ဆိပ်ကမ်းများ၊ လေဆိပ်များကတစ်ဆင့် ဝင်ရောက်/ထွက်ခွါမည့် ပို့ကုန် သွင်းကုန်များကို အကောက်ခွန် ရှင်းလင်းရေး ဆောင်ရွက်သည့်အခါ အဆင့်(၃)ဆင့် သတ်မှတ်ထားသည်။ ၄င်းတို့မှာ Green Channel,Yellow Channel နှင့် Red Channel တို့ဖြစ်သည်။ Green Channel မှာ လုံးဝယုံကြည်စိတ်ချရသည့် အဆင့်အတန်းဖြစ်သည့်အတွက် အကောက်ခွန် ရှင်းလင်းရေးဆောင်ရွက်ရာတွင်အထူးအားဖြင့် စစ်ဆေးခြင်း မရှိပေ။Yellow Channel မှာ ဒုတိယအဆင့် ဖြစ်ပြီး စိတ်ချယုံကြည်သည့်အဆင့် အသင့်အတင့်သာရှိသည့်အတွက် အချို့ ပစ္စည်းများကို စစ်ဆေးလေ့ရှိသည်။Red Channel မှာ ယုံကြည်စိတ်ချရမှုအဆင့်အတန်း မရှိသည့်အတွက် ၄င်း၏သွင်းကုန်-ထုတ်ကုန်အားလုံးကို စစ်ဆေးရသည်။Green Channel မှာ နိုင်ငံတော်က သတ်မှတ်ပေးထားသည့်အခွင့်အရေး ဖြစ်သည်။ ဤကုမ္ပဏီ/ဤပုဂ္ဂိုလ်သည် နိုင်ငံတော်ကယုံကြည်စိတ်ချရသည်၊ နိုင်ငံတော်သမ္မတ ကိုယ်တိုင် အသိအမှတ် ပြုထားသည် ဟူသော သဘော ဖြစ်သည်။


(Source-ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါ က်တာလင်းအောင်၏ရှင်းလင်း ပြောကြားချက်မှ)


ဘားအံမှာ ထင်ရှားတဲ့နေရာတွေ

ဘားအံမှာ ထင်ရှားတဲ့နေရာတွေပေါ့


1:ဇွဲကပင်တောင်/ တောင်ခြေမှာရှိတဲ့လုမ္မနီဥယျာဉ်နဲ့ ဗောတိတစ်ထောင်ဘုရားများစွာ


2:ကျောက်ကလပ်စေတီတော်/ကျောက်ကလပ် သက်သက်လွတ်ထမင်းနဲ့ ပဲငပိတွေကတော့ဘုရားဖူးတိုင်း သုံးဆောင်ကြပါတယ်နယ်ဝေးကဘုရားဖူးတဲ့သူများကတော့ ကျန်းမာရေးကောင်းတယ်ပြောပြီးသုံးဆောင်ကြတာ ခဏခဏတွေ့ဖူးကြားဖူးပါတယ်(ဘားအံက လူငယ်တွေကတော့ ဟဲဟဲ ကိုယ့်အကြောင်းကိုယ်သိကြပါတယ် ဗိုက်ဆာတိုင်းသတိရမိတဲ့နေရာလေးပေါ့ ဟုတ်တယ်ဟုတ်)


3:ဘားအံတစ်ဖက်ကမ်းသံလွင်တံတားဘေး ဖားကပ်ကျေးရွာမှ သွားရသော AD-7Century အေဒီ၇ ရာစုမှ ရှေးဟောင်းကော့ဂွန်းဂူဖြစ်ပါတယ် နံရံကပ်ရှေးဟောင်းဘုရားများစွာကိုတွေ့ရှိရပါမယ်တစ်ဆက်တည်းအဖြစ် ရသေ့ပျံရှေးဟောင်းဂူသို့လည်းသွားရောက်လို့ရပါတယ် ကော့ဂွန်းဂူဘေးချင်းကပ်ဂူပါပဲ


4:ရေတံခွန်လို့ ဘားအံမြို့သူမြို့သားတွေ မှည့်ခေါ်ထားတဲ့ အမျိုးသားရေကူးကန်နဲ့အမျိုးသမီးရေကူးကန် ၂ ကန်ပါ အားလပ်ရက်တွေမှာ အပန်းဖြေသူရှိပါတယ် ပွဲတော်ရက်တို့ လပြည့်အခါကြီးရက်ကြီးတို့ဆို တိုးမပေါက်အောင် လူအရမ်းစည်ကားပါတယ်


5:ကော့ကသောင်ဂူ ဒီဂူကတော့ဘားအံမြို့ပြင် ကော့ကသောင်ကျေးရွာမှာရှိပါတယ် မိုးတွင်းဆိုသဘာ ဝကျောက်စိမ့်ရေဖြစ်တဲ့အတွက် ကြည်လင်သန့်ရှင်းနေပြီး လူအများအပြားနေ့တိုင်းပျော်ရွင်စွာရေကစားတာကို တွေ့ရမှာပါ အခုဆိုကော့ကသောင်ဂူကို အလှဆင်ထားပါတယ်


6:သာမညတောင်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ သာမညတောင်ကိုတော့အားလုံးသိမှာပါ ဆရာတော်ဘုရားမရှိတော့ပေမယ့်အခါကြီးရက်ကြီးတွေမှာ လူအရမ်းစည်ကားပြီး ဘုရားဖူးဧည့်သည်တွေ များပြားနေဆဲပါပဲ


7:ဘုရင့်ညီနောင်ဂူ/ ရန်ကုန်-ဘားအံ ကားလမ်းမကြီး ကရင်ပြည်နယ်အဝင်နားမှာရှိပါတယ် ဘုရားဖူးဧည့်သည် တိုင်းသွားရောက်လည်ပတ်တာကိုတွေ့ရပါတယ် ထင်ရှားတဲ့သမိုင်းတွေရှိပါတယ် မျောက်တွေလည်းအများကြီးရှိပါတယ် သဘာဝအတိုင်းဖြစ်နေတဲ့ ရေပူရေကန်ကြီးတစ်ကန်ရှိပါတယ် အမျိုးသမီးသီးသန့်ရေကူးကန်ရှိပါတယ် အမျိုးသားတွေကတော့ရေကန်ကြီးဘေးကကန်ထဲမှာရေဆင်းကူးကြပါတယ်


8:ဆန္ဒဂူ/ ဆန္ဒဆင်မင်းနေခဲ့တဲ့ ဂူလို့ထင်ရှားပါတယ် မုတ်ဆိုးဆင်စွယ်ကိုဖြတ်ခဲ့တဲ့လွှကြီးရှိပါတယ် မုတ်ဆိုးခမောက်ရှိပါတယ် ဆန္ဒဆင်မင်းနဲ့ပက်သက်တဲ့ သမိုင်းဝင်ဖြစ်စဉ်များစွာရှိပါတယ် ဘားအံ-မော်လမြိုင်လမ်း အိန္ဒုရွာအကျော်လေးမှာ ဆန္ဒဂူဆိုင်းဘုတ်ရှိပါတယ် အဲဒီကနေရွာတွေဖြတ်ပြီးသွားရတာပါ သမိုင်းဝင်ဂူပါပဲ


"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT