Sunday, September 17, 2017

မြန်မာကို မြန်မာကရှုံ့ချထိုက်သလော (ဆရာကြီးရွှေဥဒေါင်း)

မြန်မာလူမျိုးနှင့် အကျင့်ဆိုး
(မြန်မာကို မြန်မာက ရှုတ်ချထိုက်သလော)
ရွှေဥဒေါင်း
သြဂုတ် ၁၆၊ ၂၀၁၁
“ဗမာလုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။
ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံးသုံးနှုန်းပြောဆိုကြသည်ဟု ဆိုရပေမည်။
ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများ လည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။
မြန်မာစစ်စစ်ဆိုသော လူများ၏ပါးစပ်မှ ထွက်လာလေ့ရှိသည်အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သောသူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသောအခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။
တရုတ်လူးမျိုးက မြန်မာအားထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြော ဆိုခြင်းကို ကြားရဖူးသည်မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်းမြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည်မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာများပင်ဖြစ်၏။
တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအားလည်းကောင် ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရွတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် ‘မှိုးချိုးမျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံးရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင်သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။
မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင်သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။
မြန်မာလူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်းခံထိုက်လောက်အောင် အကယ်ပင် ယုတ်ညံ့ သိမ်ဖျင်း သော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာဆန်းစ်ဖို့လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည် သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြားစစ်ထုတ်လိုက်သောအခါ ကောင်းသောအရည်အချင်းတွေချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။
လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိ။ ဆိုးယူတ်သော အရည်အချိုးတွေ ချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိနိုင်ကြောင်းကို ဦးခေါင်းပါသူဟူ သမျှ ၀န်ခံပေလိမ့်မည်။
● ပျင်းရိခြင်းနှင့် သတ္တ၀ါသဘော
ယင်းသို့ဖြစ်လျှင် မြန်မာလူမျိုးသည် အခြားလူမျိုးနည်းတူ ကောင်းမြတ်သော အခြင်းအရာနှင့် ညံ့ဖျင်းသော အခြင်းအရာတို့ ရောစပ်စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်။ အပြစ်အနာဆာကို ရှေးဦးစွာဖော်ပြရမည်ဆိုသော် လူမျိုးကွဲများက အပြစ်ဆိုတတ်ကြ၍ ကျွန်ုပ်တို့ကိုယ်တိုင် မငြင်းမကွယ်နိုင်သော ဖြောင့်ချက်ပေးကြရမည့်အချက်တစ်ခု သည်ကား ပျင်းရိခြင်းပင်ဖြစ်ပေ၏။
မြန်မာလူမျိုးသည် ကုလားနှင့်ဖြစ်စေ၊ တရုတ်နှင့်ဖြစ်စေ နှိုင်းစာလိုက်သော် ချောင်ချောင်လည်လည်လုပ်၍ ချောင်ချောင်နေထိုင်လိုသော စိတ်သဘောမျိုးရှိတတ်ကြောင်းကို ၀န်ခံကြရပေမည်။ ၎င်းစိတ်သဘောကိုပင် ပျင်းရိသည်ဟူ၍ ခေါ်ဆိုကြ၏။ ခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်ပါပေ၏။ သို့သော် ပျင်းရိခြင်း၊ လုံ့လ၀ီရိယရှိခြင်းစသော အခြင်းအရာတို့မည်သည် အကြောင်းနှင့် အကျိုးဖန်းတီးစီမံလျက်ရှိသော ဤလောကကြီး၌ မူလရင်းအကြောင်းများရှိကြရမည်သာဖြစ်၏။ သတ္တ၀ါဟူသမျှတို့၏ နဂိုသဘောရင်းမှာ တတ်နိုင်သမျှ အနည်းဆုံး အလုပ်လုပ်၍ အများဆုံး စည်းစိမ်သုခ ခံစားလိုကြမြဲ ဓမ္မတာဖြစ်၏။
တတ်နိုင်ခဲ့လျှင် အလုပ်နှင့် ပတ်သက်၍ လက်တစ်ဖက် မြှောက်ခါမျှနှင့်ပင် ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှုနှင့်တကွ စည်းစမ်ခံထားမှုအတွက်ပါ လုံလောက်စွာ ရလိုကြသည်သာဖြစ်၍ လက်တစ်ဖက်မြှောက်ကာမျှနှင့် လိုသလောက်ရခဲ့လျှင် လက်နှစ်ဖက်မြှောက်လိုသော သတ္တ၀ါ၍မရှိချေ။
● မြန်မာလူမျိုးအပြစ်လော
ကျွန်ုပ်တို့မြန်မာပြည်သည် အင်္ဂလိပ်တို့မ၀င်ရောက်ဖူးသေးမီတစ်ခါက အလွန်တရာဆူဖြိုးချောင်ချိခဲ့သော တိုင်း ပြည်ဖြစ်သည်တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ်အင်္ကျံမျိုး၊ တစ်နပ်စာအတွက် လေးငါးကျပ် တန်းသော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည်တစ်ကြောင်းကြောင့် လူတစ်ယောက် အလုပ်လုပ်လိုက်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဖို့၊ ၀တ်ဖို့၊ နေထိုင်ဖို့ လုံလောက်စွာ ရရှိခဲ့ကား ကျန်သော အိမ်သူအိမ်သားများသည် ၀တ်ကာ၊ စားကာ၊ သနပ်ခါးလိမ်းကာ၊ ခြင်းလုံးခတ်ကာဖြင့် ချောင်ချိသက်သာစွာ နေထိုင်နိုင်ကြ၏။
မော်တော်ကားစီးမှုအတွက်သူတစ်ပါးနှင့် ဂုဏ်ပြိုင်အားကျရန်လည်းမရှိ၊ သုံးထပ်တိုက်ကြီး တည်ဆောက်ခြင်းအားဖြင့် သူတစ်ပါးထက်သာအောင်ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်းမရှိ၊ အလွန်စုတ်ပြတ်လွယ်၍ ပါးလွှာလှသောပဒုမ္မာ အင်္ကျံပါးမျိုးကို ၀တ်ဆင်လိုခြင်းလည်းမရှိ။ သောက်ရှူလိုခြင်းလည်းမရှိ။ ခပ်ချောင်ချောင်အလုပ်လုပ်၍ ခပ်ချောင် ချောင်နေထိုင်စားသောက်လာခဲ့ကြသော လူမျိုးဖြစ်ခဲ့၏။ ထို့ကဲ့သို့ ၀မ်းစာအတွက်လည်းကောင်း၊ အားအတွက်လည်းကောင်၊ နေမှု ထိုင်မှုတွက်လည်းကောင်း လှုပ်ကာ လှက်ကာနှင့် လုံလောက်စွာရရှိခဲ့ကြသော လူမျိုးတစ်မျိုးသည် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာအားထုတ်လုပ်ကိုင်ရန် ပျင်းရိခြင်းရှိကြသည်မှာ အံ့သြဖွယ်ရာမဟုတ်။ သတ္တ၀ါတို့၏ ဓမ္မတာသဘောအတိုင်းမျှသာ ဖြစ်ချေ၏။
ထိုမျှလောက် အသက်မွေးချောင်ချိ လာခဲ့သော လူမျိုးသည် လျှာထွက်မတတ် အလုပ်လုပ်နိုင်မှ ၀မ်းခါး မ၀တ၀ မလှတလှ ရရှိနိုင်ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ်လူမျိုးများနှင့် စံထိုးနှိုင်းယှဉ်ခြင်းခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည်ဟူ၍ စွပ်စွဲခြင်းခံကြရ ခြင်းမှာ အံ့ဖွယ်ရာမဟုတ်လှချေ။ အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သောအခြေရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အ ကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။ မည်သည့်လူမျိုးပင်ဖြစ်စေ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုးမီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ် သည် မြန်မာလူမျိုး၏အပြစ်မဟုတ်။ ၀မ်းစာရှာရန် ချောင်ချိခဲ့ဖူးသည့် မြန်မာပြည်၏အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။
● အနှစ်တစ်ရာနှင့် တစ်နှစ်
ထို့ပြင် ကျွန်ုပ်တို့ကို နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှ အုပ်စိုးသွားသည့် အဂ်လိပ်တို့ကလည်း မြန်မာများအား ပျင်းရိသည်ဟု စွပ်စွဲပြောဆိုသွားကြာသော်လည်း ၎င်းတို့ကိုယ်တိုင် ချွေးလုံး ချွေးပေါက်ကျအောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် သွားကြသည်မှုရှိချေ။ ပန်ကာအောက်တွင် ကလောင်တံနှင့် လက်မှတ်ရေးထိုးရသော အလုပ်မျှလောက်နှင့် နင့် လောက်အောင် လခကြီးများယူလျက် ကာမဂုဏ်စည်းစိမ်းအမျိုးမျိုး ခံစားစံစားသွားကြခြင်း အားဖြင့် နမှုနာပြသွားကြ သည်ကိုသာလျှင် တွေ့မြင်လိုက်ကြရ၏။
၎င်းတို့၏အနေအထိုင်ကို တွေ့မြင်ရခြင်းအားဖြင့် မြန်မာတို့၌ စည်းစိမ်ခံမှု အတွက် သွားရည်ကျရသော စိတ်မျိုးသာဖြစ်ပေါ်ကြ၍ ပင်ပန်းကြီးစွာအလုပ်လုပ်လိုသော စိတ်သဘောမျိုးမူကား အ လျှင်းပင်မဖြစ်ပေါ်နိုင်ခဲ့ချေ။ သို့ရာတွင် ယခုအခါ နိပ္ပန်တို့ရောက်လာကြရာတွင်မူကား “စစ်ဗိုလ်ကြီးတွေတောင် အလုပ် ကြမ်းလုပ်ကြသည်။
လူကြီးတွေတောင် လူငယ်တွေနှင့်အတူ အလုပ်လုပ်ကြသည်” ဟူသောစကားများသည် အရပ်ထဲ တွင် တစ်နေ့တခြားပြောဆိုစ ပြုလာကြပြီးဖြစ်ရကား ပင်ပန်းကြီးစွာအလုပ်လုပ်မှုနှင့် ပတ်၍ အင်္ဂလူမျိုးတို့က နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှနှင့် သင်ပြရန်မတတ်နိုင် သင်ခန်းစာကို နိပ္ပန်တို့က တစ်နှစ်ခန့် အတွင်းသင်ပြနိုင်သည်ဟု ဆိုရပေ မည်။
● ဂျာမနီပြည်၏စနစ်
ဤနေရာ၌ ဂျာမနီပြည်တွင်း ဟစ်တလာအသုံးပြုလျက်ရှိသော စနစ်ကိုဆိုရာအစိုးရတို့က မြန်မာပြည်တွင် အမြန်ဆုံး နည်းယူအသုံးပြုကြလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ ဂျာမနီပြည်၌ သူဌေးသားဖြစ်စေ၊ အမတ်ကြီး၏သာ ဖြစ်စေ၊ အရာရှိကြီး၏သာဖြစ်စေ လူလားမြောက်သောအချိန်အရွယ်တွင် အခြားသော လူဆင်းရဲများ၏သားများနှင့် အတူလမ်း ဖောက်ခြင်း၊ ကောက်ပဲသီးနှံစိုက်မျိုးခြင်းစသော ကူလီအလုပ်ကြမ်းမျိုးကို ၁၀ လတိုင်တိုင် လုပ်ကိုင်ဆောင် ရွက်ကြရ လေသည်။
သူဌေးသားနှင့် ထင်းခွေသမားသားတို့သည်လည်းကောင်း၊ အရာရှိသားများနှင့် ကူလီ၏သားသည်လည်း ကောင်း တစ်ခန်းတည်းအတူနေ၊ အတူအိပ်၊ အတူစားကြရလျက် လယ်ပြင်ထဲတွင် အင်္ကျံကိုတုံးလုံးချွတ် ကာ ပခုံးချင်း ယှဉ်လျက် ရက်ပေါင်း ၃၀၀ ကာပတ်လုံးတန်းတူညီတူ အလုပ်လုပ်ကြရလေသည်။ အိမ်မှ ထမင်းပို့ရခြင်း၊ အိပ်ရာလိပ် ပို့ရခြင်းမရှိစေရ။
တစ်တန်းတည်းစား၍ တစ်တန်းတည်းအိပ်ကြရလေသည်။ အင်္ဂလိပ်တို့ကိုအားကျခြင်းအားဖြင့် အလုပ်ကြမ်းကို ကြောက်ရွံ့၊ ဟန်ကြီးပန်ကြီး လုပ်ချင်တတ်လှသော ကျွန်ုပ်တို့ မြန်မာလူမျိုးလူငယ်များအတွက် ၎င်းစ နစ်ထက်ကောင်းမွန်သော စနစ်တစ်ခုကို ကျွန်ုပ်တို့စဉ်းစားစိတ်ကူး၍မရနိုင်အောင် ရှိချေတော့၏။ ထိုကဲ့သို့လေ့ကျင့် ပေးရလျှင် ပျင်းရိသည်ဟူသော စွပ်စွဲချက်သည်လည်း ပပျောက်သွားတန်ရာချေသည်။
● စွပ်စွဲချက်များ
မြန်မာလူမျိုးကို စွပ်စွဲသော အချက်များအနက် ပျင်းရိခြင်းကို ထုတ်နုတ်လိုက်သည်ရှိသော ကောင်ကျစ်စဉ်းလဲခြင်း၊ မညီညွတ်ခြင်း၊ မရိုးဖြောင့်တတ်ခြင်း စသည့်အခြင်းအရာများ ကြားရဖူးတတ်၏။ မညီညွတ်ခြင်းဆိုသော အခြင်းအရာ မှာ အိမ်ရှင်ဖြစ်သောမြန်မာများကို ဧည့်သည်ဖြစ်သောကုလားများ၊ တရုတ်များနှင့်နှိုင်းစာလိုက်လျှင် အနည်းငယ် အောက်ကျနောက်ကျ ရှိနေသကဲ့သို့ မှတ်ထင်ရန်ရှိပေလိမ့်မည်။ သို့သေ် တစ်မြို့တစ်ရွာသည်းတို့ မည်သည် အခြား သောမြို့တစ်ရွာ၌ ဆုံစည်းကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် သည်းခံဆက်ဆံတတ်သည်ဖြစ်၍ ညီညွတ် သောဘောသည် ဓမ္မတာအလျောက် ပေါ်ပေါက်ရမြဲဖြစ်လေသည်။ ကျွန်ုပ်တို့ မြန်မာများသည်လည်း ကုလားပြည်၊ အင်္ဂလိပ်ပြည်၊ ဂျန်ပန်ပြည် စသည်တို့၌ တွေ့ဆုံကြသည့်အခါ အလွန်ညီညွတ်ကြည်ဟု ကြားရဖူးသောကြောင့် မြန်မာ လူမျိုးတို့ရဲ့ မညီညွတ်သောသဘောသည် သွေးထဲတွင် ပါဝင်နေသည်ဟု မဆိုစကောင်းပေ။
ကောက်ကျစ်စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်းစသော စွပ်စွဲချက်တို့မှာ အိန္ဒိယတိုင်းသားများနှင့် ရောနှောဆက်ဆံခြင်း အလွန်းနည်းပါးသော သူတို့၏စွပ်စွဲချက်လောက်သာဖြစ်ချေ၏။ လူမျိုးတကာနှင့် ဆက်ဆံဖူးသူတို့ကမူကား မြန် မာလူ မျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက်ကျစ်စဉ်းလဲသော လူမျိုးဟုထုတ်ဖော်စွပ်စွဲခြင်းပြုကြမည်မဟုတ်ချေ။ စင်စစ်သော် ကား လောက၌ ရိုးဖြောင့်သော လူမျိုးဟူ၍ ချီးမွန်းရန်လည်းကောင်း၊ ကောက်ကျစ်သောလူမျိုးဟူ၍လည်းကောင်း လူ မျိုးသီးခြားရှိနိုင်မည်မဟုတ်ပေရာ လူတစ်မျိုးနှင်တစ်မျိုး ပိန်မသာ လိန်မသာ မျှာလောက်သာ ရှိနေကြပေလိမ့်မည်။ ရိုး ဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်းဆိုသော အခြင်းအရာမှာ လူမျိုးပေါ်၌မတည်ဘဲ လူတို့၏အခြေအနေအပေါ်၌ တည်နေ တတ်သည်ဖြစ်ပေရာ လူဆင်းရဲဟူ၍ အလွန်နည်းပါးလှသော ပါရမီလူမျိုးများအနက်တွင် သူခိုးဓားပြဟူ၍ အလွန်နည်း ပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။
● ထူးခြားသောမြန်မာ့ဂုဏ်
မြန်မာလူမျိုး၏ ညံ့ဖျင်းသည်ဟူ၍ စွပ်စွဲခြင်းခံရသော အခြင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ ယခုအခါ၌ မြန်မာတို့၏ကောင်းမြတ်သော ဂုဏ်အခြင်းအရာများအကြောင်းကို ဖော်ထုတ်ရေးသားရပေဦးအံ့။ သင်ကြား၍ တတ် မြောက်လွယ်ခြင်းအရာဌာန၌ မြန်မာလူမျိုးသည် ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးနှင့်မဆို ယှဉ်ပြိုင်နိုင်လောက်ပေရာ ‘ပါး ရည်နပ်ရည်’ ရှိခြင်း၊ အတိုအတွာဘက်၌ ဉာဏ်သွားခြင်းစသော အရာဌာနမျိုးတွင်မူကား မြန်မာသည်ကမမ္ဘာတွင် အ လွန်ကျွမ်းကျင်လိမ္မာသော ဗိုလ်ကပြားကလေးများက အချို့နေရာတွင် မြန်မာဉာဏ်ကို (ညစ်ပတ်ခြင်းမဟုတ်) အသုံး ပြုခြင်းအားဖြင့် အင်္ဂလိပ်များကိုနိုင်ရသည်ဟု ၀န်ခံပြောဆိုသည်ကိုကြားရဖူး၏။
စင်စစ်မှာ အသေးအဖွဲနှင့် ပတ်သက် သည့်ဖြတ်ထိုးဉာဏ်ပေါ်သောအခြင်းအရာမျိုးမှာ ကမ္ဘာပေါ်တွင် မျိုးလိုက် ရိုးလိုက်ချီ၍ မြန်မာတစ်မျိုးတည်း၌သာ ရှိ သည်ဟူ၍ ကျွန်ုပ်တို့ဆိုချင်၏။ အလွန်းနည်းပါးနပ်သော အခြားလူမျိုးတစ်ယောက်တလေ၌ ၎င်းဉာဏ်မျိုးတွေ့ရတတ် သည်မှန်သော်လည်း လူမျိုးလိုက်ခြံ၍ အနည်းနှင့်အများရှိတတ် လူမျိုးလိုက်ခြုံ၍ အနည်းနှင့်အများရှိတတ်သည် ကား မြန်မာတစ်မျိုးတည်းသာရှိ၏။ အခြားလူမျိုးပါးလျှင် မြန်မာအိပ်နေသလောက်ရှိသသည်ဟု ဆိုချင်၏။ ဤကား မြန်မာ လူမျိုး၏ ထူးကဲသောအချက်ပေတည်း။ ဤအခြင်းအရာကို ၀န်မခံလိုသောမြန်မာလူမျိုးတစ်ယောက်ရှိခဲ့လျှင် ထိုသူ၌ ထိုအရည်အချင်းမျိုး ချို့ငဲ့သောကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ်တို့ဆိုလို၏။
● မြန်မာနှင့် ဒါနမှု
ထို့ပြင် ပေးကမ်းစွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့မြန်မာလူမျိုး၌ ထူးကဲသောအချက်ကို မကြားသေးမီက ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်မှာ စိတ်နှလုံးကို အလွန်ထိခိုက်သဖြင့် တစ်သက်ပတ်လုံး မမေ့နိုင်အောင်ရှိတော့၏။ ရန် ကုန်မြို့ကို နိပ္ပန်လေယာဉ်ပျံများက ရှေးဦးစွာဗုံးများကြဲချစဉ် မြို့သူမြို့သားများသည် မီးသင်္ဘော၊ မီးရထား စသည် တို့ဖြင့် အမြို့မြို့အရွာရွာတို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ ထိုစဉ်အခါ အရပ်ရပ်သောဆိပ်ကမ်း၊ အရပ်ရပ်သော ဘူ တာရုံစသည်တို့မှ မြို့သူမြို့သားများသည် အမျိုးမျိုးသော စားဖွယ်သောက်ဖွယ်တို့ဖြင့် ရန်ကုန်မြို့မှ ‘ဗုံးပြေး’ ဒုက္ခိတ များအား ပေးဝေလှူဒါန်းကြရာ လမ်းတစ်လျှောက်လုံး စား၍မကုန်နိုင်၊ သောက်၍မကုန်နိုင်အောင် ရှိနေတော့၏။
တတ် နိုင်သူများက ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်းစသည်တို့ဖြင့် အထုတ်လိုက် ရက် ရောစွာပေးဝေကြရာ မကြွယ်ဝသူအလှူရှင်များကလည်း သရေစာ၊ ဆေးလိပ်၊ ကွမ်းထုပ်၊ လက်ဖက်ထုပ် စသည်တို့ဖြင့် တတ်အားသမျှ ဝေငှပေးကမ်းကြ၏။
တစ်ခုသောဘူတာရုံတွင် အဘိုးကြီးတစ်ယောက်နှင့် အမယ်ကြီးတစ်ယောက် သည် မိမိတို့၏အခင်းမှ လတ်လတ်ဆတ်ဆတ် နှုတ်ယူလာခဲ့ဟန်လက္ခဏာရှိသ့် ပဲစားဥတွဲများ ကို လက်နှစ်ဖက်တွင် မနိုင့်တနိုင်ဆွဲလျက် ကျွန်ုတို့အနီးသို့ ချဉ်းကပ်ကာ…
“လမ်းစားဖို့ ယူသွားစမ်းပါမောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ်တို့ကိုယ်တိုင် စိုက်တဲ့ ပဲစားဥက လေးကို စားစေချင်လွန်းလို့ နှုတ်ပြီးယူခဲ့ရ၊ စားကြစမ်းပါမောင်ရယ်” ဟုပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီးလင်မယား၏ သဒ္ဓါကြည်ဖြူရှိသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည်လာမိ၏။
ကျွန်ုပ်တို့၏မီးရထားတွဲပေါ်၌ တရုတ်၊ ကုလားစသည့် အခြားလူမျိုးများလည်ပါရှိလေရာ ကျွန်ုပ်က “ခင်ဗျားတို့ တိုင်း ပြည်မှာ ဒီလိုသဒ္ဓါကြည်ဖြူနဲ့ ရက်ရက်ရောရောပေးလား ကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူးရဲ့လား” ဟု မေးလိုက် သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ၀န်ခံထွက်ဆိုကြ၏။
ထိုအခါ၌ကား ကျွန်ုပ်သည် မြန်မာဖြစ်ရခြင်းတည်း ဟူသောအဖြစ်ကို အလွန်တရာဝမ်းမြောက် ဂုဏ်ရောက်လျက် “ဟောဒါမှ ဗမာကွ” ဟု ဟစ်အော်မကြွေးကြော်သော် လည်း ကျွန်ုပ်၏မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသနေဟန်လက္ခဏာရှိရကား အနီးတွင် လိုက်ပါ လာကြသော တရုတ်နှင့်ကုလားခရီးသည်များက “တော်ပါပေတယ်ဗျာ။ ခင်ဗျားတို့ဗမာတွေ အာကြီးစိတ်ကောင်း တယ်။ အားကြီးကူညီတယ်” ဟု ကျွန်ုပ်အား ဖော်ထုတ်ဝန်ခံသွားကြရ၏။
“ရွှေဗမာတို့လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ” ဟု ရှုတ်ချရွတ်ဆိုလေ့ရှိသော မြန်မာများအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။
● မြန်မာကို မြန်မာရှုတ်ချထိုက်သလော
မြန်မာလူမျိုး၌ ညံ့ဖျင်းသောအချက်များရှိခြင်း၊ ကောင်းမြတ်သောအချက်များရှိခြင်းကို အပထား၍ မြန်မာလူမျိုး အကြောင်းကို မြန်မာအချင်းချင်းက မြိန်ရေရှက်ရေ ကဲ့ရဲ့ရှုတ်ချထိုက်သလောဟု စဉ်းစားဆင်ခြင်စေလိုသေး၏။ ကျွန်ုပ်တို့သည် ‘အမိမြန်မာပြည်’ ဟူသောစကားကို တိုင်းရေးပြည်မှုနှင့်ပတ်သက်သော နေရာတိုင်းသုံးနှုန်းကြသော စကားမျှသာဖြစ်ပေရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်းဆိုသည်မှာ မိမိတို့၏မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်ခင်ခြင်း မျှသာဖြစ်၏။ သို့ဖြစ်ရကား မြန်မာအမျိုးသားသည်ပင်လျှင် မြန်မာတို့၏ မိခင်ဖြစ်ချေ၏။ မြန်မာအမျိုးသားတို့၏ အ ကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည်အကြောင်းကို ရှုတ်ချပြောဆိုရာရောက်၏။ အကြင်သူတစ် ယောက်၏ မိခင်သည် အကျင့်စာရိတ္တ မကောင်းသဖြင့် လင်ငယ်နေငြားအံ့။
ထိုသူသည် မိခင်လင်ငယ်နေသောအဖြစ် ကို မြိန်ရေ ရှက်ရေနှင့် ထုတ်ဖော်ကြေညာခြင်းပြုချေမည်လော။ မိခင်မကောင်းသောအဖြစ်ကို လူသူလေးပါးတို့ရှေ့၌ အခါအခွင့်သင့်တိုင်းဖော်ထုတ်စွပ်စွဲခြင်းပြုချေမည်လော။ စင်စစ်သော်ကား မိမိလူမျိုး၏ မကောင်းသောအဖြစ်၊ ညံ့ဖျင်းသိမ်ငယ်သောအဖြစ်တို့ကို ဖော်ထုတ်ရှုတ်ချသော မြန်မာအမျိုးသားသည် မိမိ၏မွေးသမိခင်ကြောင်းကို ပရိသတ်ဗိုလ်ထုအလယ်တွင် ဖော်ထုတ်ရှုတ်ချသောသူနှင့် ခြားနားခြင်းမရှိချေ။ ဤအခြင်းအရာနှင့်နှိုင်းစာသော် ‘ကိုယ့်ပေါင်ကိုယ်လှန်ထောင်း’ ခြင်းတည်းဟူသော ဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင်အကြောင်းကို မြိန်ဖွယ်ရှက်ဖွယ် အားရပါးရ ရှုတ်ချကဲ့ရဲ့ခြင်းကဲ့သို့ မိုက်မဲသောအပြုအမူသည် ရှိမည်မဟုတ်ချေ။
ထိုပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင်မိကြဟန်မတူချေ။ မြန်မိာု မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရကား တစ်ဦးကစ၍ ပြောလိုက်လျှင် အနီးရှိလူများက ၀ိုင်းဝန်းထောက်ခံလိုက် ကြသည်သာ များနေတော့၏။ မြန်မာကို ကဲ့ရဲ့ရှုတ်ချပြောဆိုသံ ဆယ်ကြိမ်ကြားသည့်အနက်တွင် တစ်ကြိမ်တလေမှာ မျှ တစ်ဦးတစ်ယောက်သောသူက ခုခံချေပပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့်တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ဘကမှ ခုခံပြောဆိုသူ မြန်မာတစ်ယောက်တလေမျှဖြစ်စေ ပေါ်ထွက်တတ်ပေရာ မြန်မာကို မြန်မာက ရှုတ်ချကဲ့ရဲ့ရာတါင်မှ ခုခံချေပလိုသူ မြန်မာတစ်ယောက်တလေမျှ ထွက်ပြူဖော်မရခြင်းမှာ ၀မ်း နည်းဖို့ကောင်းလှ၏။
● ကာကွယ်ရန်နည်းလမ်း
သို့သော် ဤကိစ္စမှာ ၀မ်းနည်းနေရုံမျှမပြီး။ မြနမာ၏အကျိုးကို ထိခိုက်လျက်ရှိသောကြောင့် ခုခံကာကွယ်ရန် နည်းလမ်းရှာကြံကြရပေမည်။ ထိခိုက်ပုံကား မြန်မာကို မြန်မာက အထင်အမြင်သေးသိမ်နေခဲ့လျှင် မြန်မာအချင်းချင်း ဖက်စပ်လုပ်ကိုင်ကြရမည့် လုပ်ငန်ကြီးများ၊ အစုစပ်ကုမ္ပဏီအလုပ်ကြီးများ စသည်တို့ကို မြန်မာများသည် ဘယ်သော အခါတွင် စတင်လုပ်ကိုင်နိုင်ရန်ရှိအံ့နည်း။ မည်သူမဆို အလုပ်ကြီးတစ်ခုကို လုပ်ကိုင်သည့်အခါ ငါသည် ဤအလုပ်ကို ထမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းရှိသည်ဟု ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုးရှိထားဖို့ အ ရေးကြီးကြောင်းကို လူတိုင်းပင်နားလည်ရကြမည်ဖြစ်၏။
လူမျိုးကိုမီ၍ လုပ်ကိုင်ရသော အလုပ်မျိုးတွင်လည်းကောင်း၊ ၎င်းစိတ်သဘောမျိုးရှိဖို့ အလားတူအရေးကြီး၏။ စင်စစ်မှာ သာလွန်၍ပင်အရေးကြီး၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ် ချနိုင်သော စိတ်သဘောမျိုး မဖြစ်ပေါ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့မြန်မာလူမျိုးသည် မည်ကဲ့သို့သော အုပ်ချုပ် ရေးစနစ်မျိုးကိုရရှိသည်ဖြစ်စေ အလုပ်ကြီးအကိုင်ကြီးများ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်မည်မဟုတ်ချေ။ အလုပ်ကြီး အကိုင်ကြီးများကိုဖြစ်အောင် မစွမ်းဆောင်နိုင်သေးသမျှကာလပတ်လုံး စီးပွားရေးဘက်တွင် ချို့ငဲ့၍ လူမျိုးကွဲများ အောက်မှာ အစဉ်မမြဲကြရမည် ဧကန်မလွှဲပေတည်း။
ယခုအခါ နိပ္ပန်ကို ရောက်လာခဲ့ကြသည့် ထိုက်တန်သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည်ဆိုရာ ကျွန်ုပ်တို့မြန်မာလူမျိုးများအဖို့ အလုပ်ကြီးအကိုင်ကြီးများ စတင်တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိ အောင်ပေါ်ပေါက်ပေတော့မည်။ ထိုအခါတွင် မြန်မာကို မြန်မာက အထင်အမြင်သေးခဲ့လျှင် အလုပ်လုပ်ရန်ပင် ဖြစ်နိုင်မည်မဟုတ်သောကြောင့် မိမိလူမျိုးကို မိမိအထင်သေးအမြင်သေးသော စိတ်သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရပေလိမ့်မည်။
ကျွန်ုပ်တို့ ဆိုလိုရင်ကား မေးသမိခင်၏ မကောင်းသောအချက်တစ်ခုကို သိထားသောသားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည်မှန်သော်လည်း မိမိကိုယ်တိုင် ထိုအကြောင်းကို ထုတ်ဖော်ကြေညာခြင်းမှ ရှောင်းကြဉ်ခြင်း၊ သူတစ်ပါးတို့ပြောကြသည်ကို နှိပ်ကွပ်ဖုံးအုပ်ခြင်းစသည်ဖြင့် အရုပ်ဆိုး သည်ထက် မဆိုးရလေအောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းရှိသေး၏။
မြန်မာတို့ ညံ့ဖျင်းသည်ဆိုသောအချက်များမှ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာစွပ်စွဲနိုင်သည်လည်းမဟုတ်။ ၎င်းတို့နှင့် ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေးရှိနေသေးသည်ဖြစ်ပေရကား ကျွန်ုပ်တို့သည် မိခင်၏အရှက်ကို ကာကွယ်သည့်အလားကဲ့သို့ ကျွန်ုပ်တို့လူမျိုးကိ ကျွန်ုပ်တို့ကိုယ်တိုင် ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ်အပ်ပေ၏။ ဒုတိယအချက်၌ ထိုကဲ့သို့ ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ဆိုသည်ကို ကြားရသောအခါ အကျိုးအကြာင်းကို နည်းသင့်လမ်းသင့် ဖော်ပြ၍ တောင်းပန်တားမြစ်အပ်ပေ၏။
ဤစာကို ဖတ်ရှုရသော မိတ်ဆွေအပေါင်းတို့သည် အထက်ဖော်ပြာပါ အခြင်းအရာများကို ကျေနပ်နှစ်ခြိုက်သဖြင့် အထက်ပါနည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန်ချထားကြပါမူ ကျွန်ုပ်တို့ရေးသားသတိပေးရကျိုးနပ်သည်ဟု သဘောထား၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့်ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီဟူ၍ ယုံကြည်မျှော်လင့်မိပေတော့သတည်း။
စာရေးဆရာ၊ (၁၃၀၅)

Saturday, September 16, 2017

မြန်မာနိုင်ငံ(၁၃၀၀-၁၈၈၅)ဖြစ်ပေါ်တိုးတက်မှုအကျဉ်းချုပ်

မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ် ကို ကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
၁၃၀၀ ပုဂံနိုင်ငံပျက်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်
၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉၀ - ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
၁၄၃၅ ပထမ ဥရောပတိုက်သား နိကိုလိုဒီကွန်တီ ဗဂိုးရောက်
၁၄၃၇ သံတွဲ ရခိုင် လက်အောက်ခံ စဖြစ်
၁၄၄၆ သိုဟန်ဘွား တရုတ်မှာ အညံ့ခံ
၁၄၅၀ ဗညားကျန် ရွှေတိဂုံစေတီ ဉာဏ်တော်ကို ပေ ၃၀၂ ထိမြှင့်
၁၄၅၃ တာ့ခ်တွေ ကွန်စတန်တီနိုပယ်မြို့တော်ကြီးကိုသိမ်း
၁၄၅၃ ရှင်ဥတ္တမကျော်၊ ရှင်သီလဝံသတို့ မွေးဖွား၊ မြန်မာစာပေ ကြီးပွား
၁၄၅၆ အဝက ကန္ဒီစွယ်တော်တိုက်ကို အဖူးအမျှော်သွား
၁၄၆၀ ရှင်စောပု ရွှေတိဂုံ စေတီ ရင်ပြင်တော်ကို ချဲ့
၁၄၇၂ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက ဗုဒ္ဓဂါယာကို အလှူတော် ပို့လွှတ်
၁၄၅၇ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက သာသနာ သန့်စင်ရေး အတွက် သီရိလင်္ကာနဲ့ ဆက်သွယ်၊ ကလျာဏီ
ကျောက်စာ ရေးထိုး
၁၄၉၀ ဗာ့စကိုဒဂါမက အိန္ဒိယ ရေလမ်းကို စပြီး တွေ့ရှိ
၁၅၀၃ တောင်ငူက ကျောက်ဆည်နယ်ကို သိမ်းယူ
၁၅၀၃ မိုးညှင်းက ရွှေဘိုနယ်ကိုသိမ်း
၁၅၀၇ လုဒိုဗိကိုဒီဗာသိမ ရောက်
၁၅၁၉ မဒမမှာ ပုတကေ (ဖုရတုဂုစေေ) တွေ ကုန်တိုက် လာဖွင့်
၁၅၂၃ သိုဟန်ဘွား အဝ မင်းဖြစ်
၁၅၃၉ တပင်ရွှေထီး ဗဂိုးသိမ်း၊ ဗဂိုးမှာ နန်းသစ်ဆောက်
၁၅၄၁ တပင်ရွှေထီး မဒမကိုသိမ်း
၁၅၄၄ တပင်ရွှေထီး မြင်းခြံ အထိ အညာမြန်မာကိုသိမ်း
၁၅၄၆ ငကြည်မြောင်း ဖောက်
၁၅၄၇ မြို့ဟောင်းကို တိုက်လာတဲ့ မြန်မာတပ်ကို မင်းဘင်က တွန်းလှန်
၁၅၄၈ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပထမ အကြိမ် ဝန်းရံတိုက်ခိုက်
၁၅၅၀ တပင်ရွှေထီး လုပ်ကြံခံရ၊ မွန်တွေက မြန်မာကို ဗဂိုးက နှင်
၁၅၅၁ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) ဗဂိုးရ၊ သမိန်ထောကို ကွပ်
၁၅၅၅ ကန္ဒီ စွယ်တော်တိုက်ကို ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က ပူဇော် ကန်တော့လွှတ်
၁၅၅၅ - ၅၉ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က အညာမြန်မာ၊ ရှင်းပြည်၊ မဏိပူရက လင်းဇင်း (ဗိယင်ချန်း)
ထိသိမ်း၊ သူပိုင်တဲ့ နယ်တွင်းမှာ နတ်ကို သားကောင်နဲ့ ယဇ်ပူဇော်တာ၊ လူစတေးတာ တွေကို တားမြစ် ပိတ်ပင်။
၁၅၆၄ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဒုတိယ အကြိမ် ဝန်းရံ၊ မြို့ကိုသိမ်း၊ တနင်္သာရီ မြန်မာ လက်အောက်ခံ
ဖြစ်လာ၊ ဗဂိုးကို မီးရှို့ ဖျက်ဆီး၊
၁၅၆၇ အကြေမြန်မာ (မြစ်ဝကျွန်းပေါ် ဒေသ) မှာ ငတ်မွတ် ခေါင်းပါးတဲ့ ဘေးဆိုက်
၁၅၆၉ အယုဒ္ဓယ (ယိုးဒယား)ကို မြန်မာက တတိယ အကြိမ် ဝန်းရံ၊
၁၅၇၄ - ၇၆ ဟံသာဝတီ ဆင်ဖြူရှင် သီရိလင်္ကာက သမီးကညာနဲ့ စွယ်တော်ရ
၁၅၈၀ခန့် ဓမ္မသတ်ကျော်နဲ့ ကိုးဆောင်ချုပ်ရေးပြီး
၁၅၈၇ - ၉၃ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက စတုတ္တ အကြိမ် ဝန်းရံ၊ ဘာမျှ အရာမရောက်
၁၆၀၀ ရခိုင်၊ ယိုးဒယား ပေါင်းပြီး ဗဂိုးကိုတိုက်၊ အကြေမြန်မာ (မြစ်ဝကျွန်းပေါ်) မှာ ငတ်မွတ် ခေါင်းပါးခြင်း ဘေးဆိုက်၊
နိုင်ငံ အစိတ်စိတ် ပြိုကွဲ၊ ဒီဗရစ်တို တညင်မှာ အခိုင်အမာနေ
၁၆၀၉ ရှင်မဖြူ (ဆာနဒဝိပ) ကျွန်းမှာ ထိဗောင် (ထိဗုာ) အခိုင်အမာ တပ်စွဲ
၁၆၁၃ အနောက်ဘက် လွန်မင်းက မင်းဆက်ကို ခိုင်ခံ့အောင် လုပ်ပြီး တညင်ကိုသိမ်း
၁၆၁၇ မင်းခမောင်းက ရှင်မဖြူ ကျွန်းကိုသိမ်း၊ မာ့ဘ်နဲ့ ပုတကေ (ဖုရတုဂရစေေ) ပေါင်းပြီး ဘင်္ဂလားဒေ့ကို တိုက်ခိုက်
၁၆၁၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ ကိုယ်စားလှယ် ဗဂိုးရောက်
၁၆၂၅ မာ့ဘ် - ပုတေကေ ပေါင်းပြီး ဒက္က (ဓာငငာ) ကို တိုက်
၁၆၂၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တွေက မြန်မာမှာ ကုန်တိုက်ဖွင့်
၁၆၂၈ တရုတ်က မြန်မာမင်းကို အခွန်ဘဏ္ဍာ ဆက်ချိန် တန်ပြီလို့ နှိုးဆော်ဖို့ သံစေလွှတ်
၁၆၃၀ မနုသာရ ရွှေမျှဉ်း ဓမ္မသတ် စီရင်
၁၆၃၅ အဝကို မြို့တော်ပြောင်း
၁၆၃၈ သာလွန်မင်းက စစ်တမ်းယူ
၁၆၅၂ - ၆၂ တရုတ်ဘက်က အညာ မြန်မာ နယ်တွေမှာ ဝင်ရောက် လုယက်
၁၆၆၀ ရခိုင်မှာ ပိုက်ဆံ (ဒင်္ဂါး) သွန်းပြီး သုံးစွဲမြဲသုံး
၁၆၆၁ မြို့ဟောင်းမှာ ရှားရှုဂျာ လုပ်ကြံခံရ
၁၆၆၂ ယုန်ဂ်လ အညံ့ခံ
၁၆၆၆ မိုဂါ (ုံဂုလ) တွေ စစ်တကောင်း သိမ်း၊ ဘင်္ဂလားကို မာဘဘ်နဲ့ ပုတကေ ပူးတွဲ ဖျက်ဆီး လုယက်ခြင်း ရပ်စဲ
၁၆၇၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲတွေ မြန်မာနိုင်ငံက ရုပ်သိမ်း
၁၆၈၃ ဒါ့ခ်ျကုမ္ပဏီ တိုက်ခွဲ ရခိုင်က ရုပ်သိမ်း
၁၆၈၇ ဘိတ် (မြိတ်) မှာ အင်္ဂလိပ်တွေ အသတ်ခံရ
၁၆၈၈ ဘိတ် (မြိတ်) ကို ပြင်သစ်က ခေတ္တသိမ်းယူ၊ ပြင်သစ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာဖွင့်
၁၆၉၅ ဖလိဝုဒ့်နဲ့ ဆီလီတို့ အဝကိုရောက်
၁၇၀၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာ ပြန်ဖွင့်
၁၇၂၁ ကက်သလစ် သာသနာပြု လုပ်ငန်းစ
၁၇၂၄ - ၅၀ အညာ မြန်မာဘက် မဏိပူရမှာ လုယက်
၁၇၂၅ မြန်မာက ဇင်းမယ်ကို လက်လွှတ်
၁၇၄၀ ဗဂိုး၊ တညင်၊ မဒမ က မြန်မာတွေ ပြေးခဲ့ရ
၁၇၄၃ မြန်မာက တညင်ရ၊ ပြန်လက်လွတ်၊ မွန်က တညင်ရှိ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်တိုက်တွေကို မီးတိုက်
၁၇၄၇ အုတ်ဖိုကွေ့ရှမ်းက မဒရာရှိ မွန်တွေနဲ့ ပူးပေါင်း
၁၇၅၀ အဝမင်းက ယွန်နန်ကို အကူအညီတောင်း၊ မနုရင်း ဓမ္မသတ် ပြုစု
၁၇၅၁ ကျောက်ဆည်ကို မွန်တို့သိမ်း
၁၇၅၂ အဝကို မွန်တို့သိမ်း
၁၇၅၃ အဝက မွန်တို့ထွက်
၁၇၅၄ အဝကို မွန်တို့က အကြီးအကျယ် လာရောက် တိုက်ခိုက်တာကို အလောင်းမင်းတရားက တွန်းလှန်
၁၇၅၅ မွန်တို့က ဟံသာဝတီရောက် မင်းကို ရေမှာဖျောက်၊ အလောင်းမင်းတရား ပြေ၊ မြန်အောင်၊ ရန်ကုန်ကို သိမ်း၊
အင်္ဂလိပ် သင်္ဘောတွေကို ဖမ်း၊ ရန်ကုန်မှာ မီးလောင်၊ ကပ္ပတိန် ဗေကာ သံအဖြစ်နဲ့ အလောင်းမင်းတရားဆီ လာ၊ မဏိပူရကို
ပထမ အကြိမ် ဖျက်ဆီး ရှမ်းက အညံ့ခံ
၁၇၅၅ - ၅၆ တညင်ကို ရံ၊ ပြင်သစ် သင်္ဘောကို ဖမ်း
၁၇၅၆ မနုကျယ်ကို ပြုစု
၁၇၅၆ - ၅၇ ဗဂိုးကိုရံ၊ မွန်တို့ကို အပြီးတိုင်နိုင်
၁၇၅၇ လက်စတာ သံအဖြစ်နဲ့လာ၊ အင်္ဂလိပ်နဲ့ အလောင်းမင်းတရား ညှိနှိုင်းရေး အောင်မြင်
၁၇၅၈ - ၅၉ အလောင်းမင်းတရားက မဏိပူရကို အောင်နိုင်
၁၇၅၉ နာဂရစ် သတ်ပွဲ
၁၇၆၀ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပဉ္စမအကြိမ် ဝန်းရံ၊ တနင်္သာရီကို မြန်မာက သိမ်း၊ အဲဗ်စ်
သံအဖွဲ့ရောက်၊ ရန်ကုန်မှာ အရှေ့အိန္ဒိယ ကုန်တိုက်ဖွင့်
၁၇၆၃ လက်ဝဲသုန္ဒရက မဲဇာတောင်ခြေ ရတု ရေးသား စီကုံး
၁၇၆၄ မဏိပူရကို တိုက်ခိုက်လုယက်
၁၇၆၅ အဝကို မင်းနေပြည် ပြန်လုပ်၊ ဗျာကရိုဏ်းကျမ်း ရေး
၁၇၆၇ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဆဋ္ဌမ အကြိမ် ဝန်းရံသိမ်းယူ
၁၇၆၅ - ၆၉ တရုတ် ကျူးကျော်စစ်
၁၇၇၃ မွန်တွေ ထိုင်းလင်းဘက်မှာ ခိုလှုံ
၁၇၇၄ ဆင်ဖြူရှင်က ရွှေတိဂုံစေတီကို အခုလက်ရှိ ဉာဏ်တော် ၃၂၇ ပေထိ မြှင့်၊ မွန်မင်းကို သုတ်သင်
၁၇၆၈ - ၈၂ ဖြာတက်က ထိုင်းလင်း (ယိုးဒယား) က မြန်မာတွေကို တိုက်ထုတ်
၁၇၇၅ - ၇၇ ကချနဲ့ ဂျိမ်တိယ စစ်ကြောင်းချီတက်
၁၇၇၆ မြန်မာစာ သင်ပုန်းကြီးကို အီတလီမှာ ပုံနှိပ်
၁၇၈၀ မဟာဗန္ဓုလ မွေးဖွား
၁၇၈၃ အမရပူရကို မင်းနေပြည်လုပ်၊ ရန်ကုန်ကို မွန်တို့က ခေတ္တသိမ်း
၁၇၈၄ - ၈၅ ရခိုင်ကိုသိမ်း၊ အရပ်ရပ် ကျောက်စာတွေ စု
၁၇၈၄ စစ်တမ်းကောက်
၁၇၈၅ - ၈၆ ထိုင်းလင်း (ယိုးဒယား) ကိုတိုက်
၁၇၈၇ တရုတ်က မြန်မာကို သံလွှတ်
၁၇၉၀ - ၉၇ မင်းကွန်းမှာ ဘုရားတည်
၁၇၉၄ ရခိုင်မှာ သူပုန်ထ၊ မြန်မာက စစ်တကောင်း ဘက်ကိုဝင်
၁၇၉၅ - ၁၈၀၂ ထိုင်း သံအဖွဲ့ရောက်၊ ချင်းပျံ သူပုန်ထ၊ ရခိုင်တွေ စစ်တကောင်း ဘက်မှာ ခိုလှုံ၊ ကောက်
သံအဖွဲ့ရောက်
၁၈၀၂ သီရိလင်္ကာမှာ အမရပူရ သံဃာဂိုဏ်းရောက်
၁၈၀၃ ကျိုင်းရုံကြီးကို ယိုးဒယား ဘက်က ဝင်ရောက် လုယက် ကျိုင်းတုံက လူတွေ ဖမ်းသွား
၁၈၀၃ - ၁၈၀၉ - ၁၈၁၁ ကဲန်နဒ် သံအဖွဲ့ရောက်
၁၈၀၇ - ၁၆ အညာမြန်မာမှာ ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်
၁၈၀၉ - ၁၁ မြန်မာက ကရာကျွန်းစက်နဲ့ ဂျန့်စီလုံကို သွားပြီး လုယက်
၁၈၁၀ ဗုဒ္ဓဂါယာကို မြန်မာက ဘုရားဖူးသွား
၁၈၁၃ မဏိပူရကို ချီတက်၊ ဂျပ်ဆင် မြန်မာနိုင်ငံကို ရောက်
၁၈၁၄ မဒမမှာ မွန်တွေ ပုန်ကန် ထိုင်းလင်းဘက်ကို ဝင်ရောက် ခိုလှုံ
၁၈၁၅ ချင်းပျံ ကွယ်လွန်
၁၈၁၆ အာသမ်ကို မြန်မာက တိုက်ခိုက် အောင်မြင်
၁၈၁၈ မြန်မာက ဘင်္ဂလားကိုလဲ ပိုင်ဆိုင်တယ်လို့ စပြော
၁၈၁၉ မြန်မာက မဏိပူရကို သိမ်း၊ မြန်မာက အာသမ်ကို သိမ်း
၁၈၂၃ အဝကို မင်းနေပြည် ပြန်လုပ်၊ ရှင်မဖြူ (ဆဟာဟပုရိ) ကျွန်းကို မြန်မာက သိမ်း
၁၈၂၄ - ၂၆ အင်္ဂလိပ် - မြန်မာ ပထမစစ် ဖြစ်ပွား၊ ရခိုင်နဲ့ တ နင်္သာရီကို အင်္ဂလိပ်ယူ
၁၈၅၂ အင်္ဂလိပ် - မြန်မာ ဒုတိယစစ် ဖြစ်ပွား၊ အကြေမြန်မာကို အင်္ဂလိပ်သိမ်း
၁၈၅၇ မန္ဈလေးမြို့ စတည်
၁၈၈၅ အင်္ဂလိပ် - မြန်မာ တတိယစစ် ဖြစ်ပွား၊ အညာမြန်မာကို အင်္ဂလိပ် သိမ်း
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ် ဖြစ်ပါတယ်။
သန်းထွန်း
မှတ်ချက်။ ၂၀၀၁ ခုနှစ်၊ ဧပြီလမှာ မုံရွေး စာအုပ်တိုက်က ထုတ်ဝေ ဖြန့်ချိတဲ့ 'ဒေါက်တာ သန်းထွန်း ဖုကုအိုကသွား မှတ်တမ်း'
စာအုပ်က ဒေါက်တာ သန်းထွန်း ရေးသားတဲ့ "မြန်မာသစ်" စာတမ်းမှ ပြန်လည်ကောက်နှုတ်ဖော်ပြပါသည်။
မူရင်းစာလုံးပေါင်းသတ်ပုံအတိုင်းဖြစ်
Photo- မင်းလှခံတပ် ကျဆုံးခဲ့ပြီးနောက် သမိုင်းဝင် ဓာတ်ပုံ

Friday, September 15, 2017

Wednesday, September 13, 2017

လိမ္မာယာဉ်ကျေးသူလေး ••••••••••••••••••••••••••• အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှုး မလေးဟာ ရုပ်ရည် ချောမော လှပသလောက် စကားပြောဆိုရာမှာ လည်း လိမ္မာ ပါးနပ်လှတယ်.. တစ်ရက်တော့.. အိမ်သာထဲက ထွက်လာတဲ့ သူဌေးဟာ မေ့ပြီး ဘောင်းဘီဇစ်ကို ပြန်ဆွဲ မပိတ်မိဘူး... ဒါကို အတွင်းရေးမှုးမလေးက မြင်တော့... သူဌေးကို သတိပေးလိုက်တယ်.. " ဆရာရှင့်..ဆရာ့ရဲ့ စစ်တန်းလျား တံခါး ပွင့်နေပါတယ်ရှင်..." ဒါကို သူဌေးက ဘာပြောမှန်း မသိဘူး..ဇဝေဇဝါ ဖြစ်ပြီး.. ဘာမှ ပြန်မပြောပဲ သူ့ရုံးခန်းထဲ.. ဝင်သွားတယ်..။ ခဏနေတော့မှ သူ့ဘောင်းဘီ ဇစ်မပိတ်မိတာကို သတိထားမိ သွားပြီး.. အတွင်းရေမှုးမလေးရဲ့ စကားကို သဘောပေါက်တော့တယ်။ ဒါနဲ့.. သူ့အတွင်းရေးမှုးမလေးကို နောက်ချင်လာလို့.. အင်တာကွန်း ကနေ လှမ်းခေါ်လိုက်တယ်... " တွီ..တွီ.." " ပြောပါဆရာ..." " သမီးရေ... ခုနက စစ်တန်းလျားထဲ မှာ စစ်သားတစ်ယောက် တောင့်တောင့်ကြီး ရပ်နေတာ မတွေ့မိဘူးလား..ကွယ့်.." ဒီတော့.. အတွင်းရေးမှုး မလေးက ပြန်ပြောတယ်... " ဟင့်အင်း..ဆရာ.. ဒုက္ခိတ ဖြစ်နေတဲ့ စစ်သားအို တစ်ယောက်တော့ တွေ့တယ်.. သဲအိပ် အစုတ်ကြီးနှစ်လုံးပေါ်မှာ.. ပုံပုံကြီးအိပ်နာ တွေ့လတ်တယ်' 😂😂😅😅 မောင်ကောင်းထိုက်ဟာသပဒေသာ

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf
via IFTTT

Thursday, September 7, 2017

Here: (About BENGALIS) ABOUT ROHINGYAS : myths & facts 1. Rohingyas are not Burmese. They called themselves as Rohingya. There are no such people in Burmese history and census. 2. Rohingyas are in fact Bengali who speaks Bengali dialect, dress Bengali clothes and eat Bengali food and have Bengali cultures. 3. Rohingyas are illegal immigrants who illegally entered to Myanmar from Bangladesh. 4. The Burmese government gave citizenship to many Rohingyas, but more and more illegal immigrant Rohingyas comes from Bangladesh every year. 5. When they became citizenship, they are equal under the law. No one may be discriminated against on the basis of their race, religion, ethnic group, or gender. 6. Rohingya raped underage girls (under 13 years old), tortured them and killed these little girls. 7. Rohingya bullied Rakhine people, did several arson attacks, killed hundreds of Rakhine people and burnt thousands of houses. 8. Rohingya has been trained by fundamentalist Taliban and Al Qaeda (cited from wikileaks and other credible news). 9. Rohingya owns thousands of guns to shoot Rakhine people. (Please go to Rakhine state and research it. Dozens of Rakhine people are killed by Rohingya bullets) Myth 1. They cannot marry and have children. Government restricts them. Fact : Rohingya population extremely increases every year in Myanmar. The rate is higher than Myanmar population rate. How come their population increases every year? Myth 2. They have discrimination on religion. They don't have freedom of religion. Fact : There are many mosques built by Rohingya in Rakhine state. If they have restriction on religion, how come hundreds mosques in Rakhine state? Myth 3. They are so poor that they don't have anything to eat. FACT : The truth is they just want to get free money from UNHCR or organizations. They built a lot of nice houses and mosques. They bought a lot of guns and rockets. How can they build houses and mosques? How can they buy guns? Myth 4. Rohingya are not Bengali. FACT: Rohingya are in fact Benglai. Please check DNA. Please listen their dialect. Please research their language. According to the research, they are not Arab or Burmese ethic. How come they speak Bengali if they are not? Why cannot they speak Burmese if they are burmese. How can they wear like Bengali and have Bengali cultures. Myth 5. They are tortured by Rakhine people. Fact: There are many Rohingya in Rakhine state. Their population is more than Rakhine people population. Rohingya population increases every year and Rakhine population decreases every year. If they are tortured by Rakhine, they will run away from Rakhine state and they won’t be sticking around like a super glue. Myth 6: Rohingyas are so peaceful. Fact : Rohingya raped, tortured and killed Rakhine little girls. Rohingya bullied and killed hundred of Rakhine people. They burnt thousands of houses and dozens of Buddhist temples. How come the whole Rakhine towns and villages go to Ashes? Why are many Rakhine people killed by Rohingya? Myth 7. Government should recognize Rohingya as citizenship. Fact: Bengali government denied its own people. Burmese government accept them and gave them citizenship and equal rights. However, more and more Bengali Rohingya illegally enter to Myanmar every year. They are rude and aggressive. They don’t respect native Rakhine and bullied Rakhine people. Then, they pretend to be like poor and nice guys. Why did Burmese government have to accept these kind of rude hypocrite terrorists? Burmese government already gave out a lot of citizenship to these so-called Rohingya and they are equal under the law. Nevertheless, government cannot accept any more illegal immigrants since they don't do any good for Myanmar. Myth 8 : Burmese hate Rohingya so much because they are Muslim. Fact : There are plenty of Muslim people in Burma. Burmese people treat with respect to those people who are not rude, aggressive and murderers. Burmese people treat with respect to those Rohingya who entered Burma legally, and who are not murderers. Short and Sweet: Rohingya are Bengali who illegally entered Myanmar and killed thousands of native Rakhine people. Government gave citizenship and equal rights to thousands of Rohingya. They built hundreds of mosques and thousands of houses in Rakhine State. Their population extremely increases every year due to illegal immigrant Rohingyas. They bullied, raped, tortured and killed native Rakhine people every year. In this case, they are systematically attacking Rakhine state and Rakhine people. They killed many Rakhine, and burnt thousands of Rakhine’s houses. They made over 30,000 Rakhine people homeless. They were trained by Taliban and Al Qaeda. Their Purpose: Even though government gave citizenship and equal rights to many immigrant Rohingyas, their desires cannot be fulfilled. They want to make Rakhine state to become their state. They want to claim that they are native people. They allied with Taliban as well as Al Qaeda, and they want to kick Rakhine people out of Rakhine state. They want to govern Rakhine state as their own state.

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf
via IFTTT

<<< Computer Browser နဲ့လုပ်ပါ Mobile Browser နဲ့ဆို Error တက် တတ်ပါတယ် >>> ရခိုင်အရေးနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့ မြန်မာ့ Social Network အသိုင်းအဝိုင်းမှာ ခေတ်စားလာတာက Twitter ပါ... Twitter ဟာ အလွန်ထိရောက်တဲ့ Social Network တစ်ခုဖြစ်ပါတယ်... သုံးသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်... Twitter သုံးတာနဲ့ ပါတ်သတ်ပြီး တစ်ခုလောက် အကြံပေးချင်ပါတယ်... အခြားတော့မဟုတ်ပါ... Twitter မှာ Status တွေတင်ဖို့... ပုံတွေတင်ဖို့ဆိုရင်.. အခု အားလုံးက Twitter ကို တကူးတကသွားသွားတင်နေကြရပါတယ်... အဲ့လိုတင်တဲ့နေရာမှာ Twitter က စကားလုံးရေ ကန့်သတ်ချက် (140) ရှိသလို... Post တစ်ခုမှာ ပုံကလည်း ၄ ပုံသာ Attach တွဲခွင့်ရှိပါတယ်... အဲ့ဒါကြောင့် Twitter ကို တကူးတကသွားပြီ Post တင်စရာမလိုပဲ... Facebook မှာ တင်သမျှကို Twitter မှာ Auto Tweet ဖြစ်မယ့် နည်းလေး မျှဝေပေးလိုက်ပါတယ်... တစ်ခုပဲ ရှိပါတယ်.. အင်္ဂလိပ်လိုတော့ ရေးသင့်ပါတယ်... Facebook နဲ့ Twitter ကို Link လုပ်ဖို့အတွက်... ပထမဆုံး http://ift.tt/oFeqU9 ကို သွားရပါမယ်... အဲ့လိုသွားပြီးသွားရင် ပုံမှာ ပြထားတဲ့အတိုင်း Step လေးတွေကို လုပ်ရုံပါပဲ... ကျွန်တော့် Account က အရင်ကတည်း ချိတ်ထားပြီးသားဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ iDive Myanmar Page ကို နမူနာအနေနဲ့ ချိတ်ပြထားပါတယ်... ဒီလိုပါပဲ... Twitter မှာ တင်သမျှကို Facebook မှာ ပေါ်ချင်ရင်လည်း ပြန်ချိတ်လို့ရပါတယ်... Instagram မှာ တင်တာကို Facebook ပေါ်မှာရော Twitter ပေါ်မှာရော တစ်ပြိုင်တည်းတက်အောင်လည်း လုပ်လို့ရပါတယ်... http://ift.tt/2gOQQbR

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf
via IFTTT

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT